Tuesday, January 13, 2026

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုနှင့် ထရမ့်ပ် တွေ့မည်

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကရာကတ်စ်ရှိ ယာယီအစိုးရခေါင်းဆောင်ပိုင်းအပေါ် ဖိအားများတိုးမြင့်လာချိန်တွင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုသည် ယခုသီတင်းပတ်တွင် သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsမဟာအောင်မြေမြို့နယ်က ၃၇ လမ်းစျေး(ရေနီမြောင်းစျေး)မှာ...

မဟာအောင်မြေမြို့နယ်က ၃၇ လမ်းစျေး(ရေနီမြောင်းစျေး)မှာ စစ်သားသုံးယောက် သေနတ်နဲ့ပစ်ခံရ ၊တစ်ဦးသေဆုံး

(Unicode)

မဟာအောင်မြေမြို့နယ်က ၃၇ လမ်းစျေး(ရေနီမြောင်းစျေး)မှာ စစ်သားသုံးယောက် သေနတ်နဲ့ပစ်ခံရ ၊တစ်ဦးသေဆုံး

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ၃၇ လမ်းအခွန်လွတ်စျေး(ရေနီမြောင်းစျေး)မှာ စျေးလာဝယ်တဲ့စစ်သားသုံးယောက် ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခံရတာကြောင့် တစ်ယောက်သေဆုံးပြီး တစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စျေးလာဝယ်တဲ့ စစ်သား သုံးယောက်ဟာအရပ်ဝတ်နဲ့လာတဲ့အချိန် ဆိုင်ကယ်နဲ့ကပ်မောင်းပြီး သေနတ်နဲ့တေ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ကိုသေနတ်နဲ့ပစ်ပြီးတာနဲ့မောင်းပြေးသွားတယ် တစ်ယောက်ကတော့ နားထင်ကိုမှန်ပြီးလဲကျသွားတယ် တစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ထွက်ပြေးသွားတယ် တစ်ယောက်ကတော့လွတ်သွားတယ် ဖြစ်စဥ်ပြီးတော့စျေးသည်တွေလည်းဆိုင်တွေပြန်သိမ်းလိုက်ကြတယ်” လို့ စျေးသည်တစ်ယောက်ကပြောပါတယ်။

သေဆုံးသူအလောင်းကို လာသယ်စဥ်မှာ လုံခြုံ ရေးအဖွဲ့ဝင်တွေက လမ်းတွေကိုပိတ်ဆို့စစ်ဆေးတာ ဆိုင်ကယ်တွေကိုလည်းတားဆီးစစ်ဆေးတာ စျေးသည်တွေကိုစစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူပါဝင်တဲ့ လုံခြုံရေးအဖွဲ့ဟာ မဟာနွယ်စဥ်ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးမှာလုံခြုံရေးတာဝန်ကျနေတဲ့အဖွဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo-CJ

(Zawgyi)

မဟာအောင်မြေမြို့နယ်က ၃၇ လမ်းဈေး(ရေနီမြောင်းဈေး)မှာ စစ်သားသုံးယောက် သေနတ်နဲ့ပစ်ခံရ ၊တစ်ဦးသေဆုံး

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ၃၇ လမ်းအခွန်လွတ်ဈေး(ရေနီမြောင်းဈေး)မှာ ဈေးလာဝယ်တဲ့စစ်သားသုံးယောက် ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခံရတာကြောင့် တစ်ယောက်သေဆုံးပြီး တစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဈေးလာဝယ်တဲ့ စစ်သား သုံးယောက်ဟာအရပ်ဝတ်နဲ့လာတဲ့အချိန် ဆိုင်ကယ်နဲ့ကပ်မောင်းပြီး သေနတ်နဲ့တေ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ကိုသေနတ်နဲ့ပစ်ပြီးတာနဲ့မောင်းပြေးသွားတယ် တစ်ယောက်ကတော့ နားထင်ကိုမှန်ပြီးလဲကျသွားတယ် တစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ထွက်ပြေးသွားတယ် တစ်ယောက်ကတော့လွတ်သွားတယ် ဖြစ်စဉ်ပြီးတော့ဈေးသည်တွေလည်းဆိုင်တွေပြန်သိမ်းလိုက်ကြတယ်” လို့ ဈေးသည်တစ်ယောက်ကပြောပါတယ်။

သေဆုံးသူအလောင်းကို လာသယ်စဉ်မှာ လုံခြုံ ရေးအဖွဲ့ဝင်တွေက လမ်းတွေကိုပိတ်ဆို့စစ်ဆေးတာ ဆိုင်ကယ်တွေကိုလည်းတားဆီးစစ်ဆေးတာ ဈေးသည်တွေကိုစစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။


Photo-CJ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071