ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာရန်ကုန်လက်ဖက်ရည်ဆိုင်ရှေ့မှ လျှပ်စစ်ဓာတ်အားပေးတိုင်အား Light Truck ကားဝင်တို-က်မိခဲ့မှု သြဂုတ် ၈ ရက်ည ၁၁ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ သံသုမာလမ်းပေါ် မဟာရန်ကုန်လက်ဖက်ရည်ဆိုင်ရှေ့ရှိ လျှပ်စစ်ဓာတ်အားပေးတိုင်အား Light Truck ကားမှဝင်တို-က်မိခဲ့၍ ကားခေါင်းခန်းအတွင်းညပ်နေသူများရှိ၍ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ကားခေါင်းခန်းအတွင်းညပ်နေသည့် အမျိုးသား(၂)ဦးအား ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထားသဖြင့် သုဝဏ္ဏပရဟိတလူမှုကူညီရေးအသင်းနှင့် ဆန်ရေပရဟိတလူမှုကူညီရေးအသင်းတို့မှ သင်္ဃန်းကျွန်းစံပြပြည်သူ့ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့ကြကြောင်းသိရသည်။
