မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့အထင်ကရ မဟာမုနိဘုရားကြီး၏ မဏ္ဏိုင်တော်တိမ်း စောင်းကာ ရင်ပြင်တော်ပေါ်ရှိ သာသနိကအဆောက်အဦးအချို့မှာလည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ တာ ဝန်ရှိသူများနှင့် ဘုရားကြီးဂေါပကအဖွဲ့ဝင်များက ပြန်လည်ပြပြင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြုလုပ်နေခြင်းအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒု-ဝန်ကြီးဒေါ်နုမြဇံမှ ဧပြီ ၂၈ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေး၍ မဟာမုနိဘုရားရုပ်ပွားတော်အား ငလျင်ဒဏ်ခံနိုင်ရေးအတွက် အများပြည်သူအားဆက်လက်ရွှေချခြင်းမပြုစေဘဲ ရုပ်ပွားတော်ရှိ အဆင်တန်ဆာများအား ဝန်ပေါ့အောင်စနစ်တကျဖြုတ်သိမ်းပြီး မှတ်တမ်းတင်ထားရန် မှာကြားသည်။
ထို့ပြင် မလိုအပ်သောအဆင်တန်ဆာများကိုပြခန်းတွင်ပြသထားရန်၊ အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ရှိ ထိခို-က်ပျ-က်စီးခဲ့သော နံရံပန်းချီများ၏ မူလအစိတ်အပိုင်းကို ရနိုင်သလောက်ပြန်ဆက်ရန်၊ နဂိုရှိရင်း နံရံဆေးရေးပန်းချီမှတ်တမ်းဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးပြီး နံရံပန်းချီအပိုင်းအစများကို မူလပုံစံအတိုင်းရရှိအောင် ပြန်လည်ဆောင်ရွက်ရန်၊ နံရံပန်းချီထိန်းသိမ်းရေးဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အဆင့်အလိုက်၊ အသုံးပြုမည့်ဆေးအမျိုးအစား၊ ဦးစားပေးဆောင်ရွက်မည့်နေရာတို့ပါ ဝင်သောစီမံချက်ရေးဆွဲဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ထို့ပြင် ဒု-ဝန်ကြီးဒေါ်မြနုဇံသည် မန္တလေးယဉ် ကျေးမှုပြတိုက်၌ ငလျင်ဒဏ်ကြောင့်ထိခို-က်ပျ-က်စီး၊ ပြသပစ္စည်းများနှင့် ပြန်လည်ပြုပြင်ထားသည့် မှတ်တမ်းဓာတ်ပုံများနှိုင်းယှဉ်၍ မှတ်တမ်းအဖြစ်ပြသရန်နှင့် စာကြည့်တိုက်ရှိသတင်းစာများကို နှစ်အလိုက်စာအုပ်ချုပ်၍ သိမ်းဆည်းရန်မှာကြားခဲ့သည်။
ထို့အတူ မြနန်းစံကျော်ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက်မှာ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုနည်းရခြင်းသည် ခင်းကျင်းပြသရာတွင် မူလကပင် ငလျင်ဒဏ်ခံနိုင်အောင်ဆောင်ရွက်ခဲ့၍ နောင်တွင် မည်သည့်ပြတိုက်မဆို ငလျင်ဒဏ်ခံနိုင်အောင်ခင်းကျင်းသွားရမည်ဟု မှာကြားခဲ့သည်။