Tuesday, June 10, 2025

ရခိုင်တိုင်းရင်းသားများပါတီ၏ ပါတီတည်ထောင်ခွင့်လျောက်ထားချက်ကို UEC ခွင့်ပြု

ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီတည်ထောင်ခွင့်လျောက်ထားလာသည့် ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party) ကို နိုင်ငံရေးပါတီတည်ခွင့်လျောက်ထားချက်ကို ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄)...

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄) လုံးကို မကြာမီ မဲနှိုက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ အိပ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။ ထို့ပြင်...

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့ ဇွန် ၁၀ ရက်နံနက်ပိုင်းက နယုန်လပြည့်(မဟာသမယအခါတော်နေ့)အခမ်းအနားအား စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော်ရင်ပြင်ရှိသတ် မှတ်နေရာများ၌ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများတက်ရာက် ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင်...

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရန် သတိပေး

မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။ နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးနှင့်...
HomeNewsLocal Newsမသန်စွမ်းအပယ်ခံ တိရိစ္ဆာန်လေးများအစာအဟာရအလှူရှင်မရှိသဖြင့် လှူဒါန်းပေးပါရန်...

မသန်စွမ်းအပယ်ခံ တိရိစ္ဆာန်လေးများအစာအဟာရအလှူရှင်မရှိသဖြင့် လှူဒါန်းပေးပါရန် Golden Heart Animal Rescue ဂေဟာ မေတ္တာရပ်ခံ

မသန်စွမ်းအပယ်ခံ တိရိစ္ဆာန်လေးများအစာအဟာရအလှူရှင်မရှိသဖြင့် လှူဒါန်းပေးကြပါရန် Golden Heart Animal Rescue ဂေဟာက မေတ္တာရပ်ခံ အသိပေးထားသည်။

အဆိုပါ မသန်စွမ်းအပယ်ခံ တိရိစ္ဆာန်လေးများအတွက် ယခုလ ဇန်နဝါရီ ၁၀ ရက်နေ့မှ ဇန်နဝါရီ ၃၁ ရက်နေ့အထိ တစ်လလုံး နီးပါးအလှူရှင် မရှိသေးကြောင်း Golden Heart Animal Rescue ဂေဟာက အသိပေးထုတ်ပြန်ထားသည်။

ဂေဟာတွင် ခွေးအကောင်ရေ ၇၅၀၊ ကြောင်အကောင်ရေ ၁၅၀ ၊ နွား ၆ ကောင် ၊ဝက် ၂ ကောင် တို့ကို စောင့်ရှောက်ထားရှိကာ၊ ၎င်းတို့၏ အဟာရဒါန တစ်နပ်စာအတွက် ကုန်ကျငွေမှာ ငါးဟင်းဖြင့် ၁ သိန်းကျပ် ၊ ကြက်လည်ပင်းရိုးဟင်းဖြင့် ၁ သိန်း ၅ သောင်းကျပ်၊ အမဲအရွတ်ဟင်းဖြင့် ၂ သိန်းကျပ် ကျသင့်မည်ဖြစ်ကြောင်း အသိပေးမေတ္တာရပ်ခံထားသည်။

ယင်း ဂေဟာမှ ပဲ့ကိုင်ရှင် မနှင်းဆီမြင့်က” ရွှေရောင်နှလုံးသား ခြံလေးမှ ဂိလာန တိရစ္ဆာန်လေးများကိုလည်း သတိရပေးကြပါလို့ ကိုယ်အင်္ဂါ ချို့ယွင်းနေရှာတဲ့ မစွမ်းမသန် အပယ်ခံ ကလေးများကိုယ်စား မေတ္တာရပ်ခံပါတယ်ရှင်”ဟု ဆိုသည်။

ထို့အပြင် လေလွင့်ဝေဒနာသည် ခွေးလေး ကြောင်လေးများအတွက် ဆေးကုသမှုပေးနိုင်ရန်အလို့ငှာ စေတနာရှင်များမှ လှောင်အိမ်များ လည်ပတ်များ ချိန်းကြိုးများ ဆေးဝါးများ ကတ်ထူစက္ကူများ သတင်းစာများ ကြက်ပေါင်းရည် ဆန်အိတ် ကြက်ဥ ငါးသေတ္တာဗူး ပူတင်းပေါင်မုန့် သစ်သားကွပ်ပျစ်နှင့် ထင်းများ ကိုလည်း လှူဒါန်းနိုင်ကြောင်း သိရသည်။

ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မနှင်းဆီမြင့်
KBZ ATM account – 091 301 999 067 33 701
CB Bank account – 00 84 600 1 00000 442
AGD Bank account – 35 0000 10000 950 16
AYA Bank account – 200 10 64 60 64
YOMA Bank account – 0026 4413 8503 124 အပြင် Wave account – 09795518270 တို့အား ပေးပို့လှူဒါန်းနိုင်ကြောင်း သိရသည်။

ဂေဟာသို့ ကိုယ်တိုင်လာရောက်လိုသူများအနေဖြင့် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၁၃ / ၅ ရွှေနံ့သာ အုပ်စု လေးထောင့်ကန် စံပြကျေးရွာအတွင်း
( အမှတ် ၃ လမ်းမ ဂိတ်ဟောင်း မှတ်တိုင် London စက်ရုံ ရှေ့တည့်တည့်တွင် စင်္ကာပူ ဓမ္မရောင်ခြည်သို့ဟု မြှားပြထားသော လမ်းထဲ ငါးမိနစ်ခန့် ကားမောင်းဝင်လျှင်) ရောက်ရှိကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရခိုင်တိုင်းရင်းသားများပါတီ၏ ပါတီတည်ထောင်ခွင့်လျောက်ထားချက်ကို UEC ခွင့်ပြု

ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီတည်ထောင်ခွင့်လျောက်ထားလာသည့် ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party) ကို နိုင်ငံရေးပါတီတည်ခွင့်လျောက်ထားချက်ကို ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိသဖြင့် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့် လျောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရခိုင်တိုင်းရင်းသားများပါတီ(Rakhine National ities Party) အနေဖြင့် ခွင့်ပြုချက်ရရှိသည့် နေမှစပြီး ရက်ပေါင်း(၃၀)အတွင်း ပါတီမှတ်ပုံတင်လျောက်ထားရမည် ဖြစ်သည်။ ဇွန်လ(၉)ရက်အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် နိုင်ငံရေးပါတီ(၁၇)ပါတီကို တည်ထောင်ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ အဆိုပါ ပါတီတည်ထောင်ခွင့်ပြုထားသည့် ပါတီများအနက် ဦးဘွာလ်ဆိုင်လို...

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄) လုံး မဲနှိုက်နေရာချပေးမည်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄) လုံးကို မကြာမီ မဲနှိုက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ အိပ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။ ထို့ပြင် မဲနှိုက်ခွင့်ရရှိသည့် မြို့နယ်နှင့် ဌာနဆိုင်ရာအမည်များကို ဇွန် (၁၀) ရက်တွင် အသိပေးကြေညာသွားမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် အိမ်ခန်းငှားရမ်း နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ခန်းကို ထပ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းငှားရမ်းခြင်း ၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်းမျိုး မပြုလုပ်ရန် အသိပေးထားသည်။ ငှားရမ်းခွင့် ရရှိသူများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များကို ဖေ-ာက်ဖျ-က်ကျူးလွန်ပါက ငှားရမ်းခွင့်ပြုထားသည့် အိမ်ခန်းကို ပြန်လည်သိမ်းယူမည့်အပြင်...

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့ ဇွန် ၁၀ ရက်နံနက်ပိုင်းက နယုန်လပြည့်(မဟာသမယအခါတော်နေ့)အခမ်းအနားအား စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော်ရင်ပြင်ရှိသတ် မှတ်နေရာများ၌ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများတက်ရာက် ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ယောဆရာတော်ထံမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက နဝင်္ဂသီလခံယူဆောက်တည်ခဲ့ကြကာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် စေတီတော်ရင်ပြင်တော် ချမ်းသာကြီးတန်ဆောင်းမှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့လှည်လည်ပူဇော်ပွဲကျင်းပရာ မဟာသမယအခါတော်နေ့ဖြစ်ပေါ်လာပုံအားဖော်ကျူးသည့်အနေဖြင့် ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြုမင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071