မသန်စွမ်းသမီးလေးကို စျေးရောင်းပြီးရှာဖွေကျွေးမွေးနေတဲ့ တွံတေးမြို့က မလွင်လွင်သန်းအနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အက်ဆီးဒင့်တစ်ခုဖြစ်ကာ ခြေထောက်ထိခိုက်သွားရတဲ့အတွက်အခုချိန်မှာအလုပ်လုပ်ရအဆင်မပြေနို်င် တဲ့အတွက် ကိုသာဂိမှတွံတေးမြို့ထိသွားရောက်ကာ အလှူငွေများလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
အခုလိုလှူဖြစ်တာနဲ့ပတ်သက်ပြီးကိုသာဂိက
” အကုိအခုလိုလာလှုတာက မလွင်လွင်သန်းက အင်တာဗျူး တစ်ခုမှာ ဖြေထားတာရှိတယ် အဲ့ဒါက ကျွန်မထက်အရင်သူတို့သေသွားရင်သိပ်ကောင်းမှာဆိုပြီးသူဖြေထားတယ် အဲ့ဒါလေးကိုမြင်ပြီးစိတ်မကောင်းဖြစ်ရတဲ့အတွက် ကျွန်တော့်ချွေးနဲစာငွေလေးတွေကို တတ်နိုင်သလောက် လာလှူပေးတာပါ” လို့ပြောပါတယ်။
တွံတေးမြို့က မလွင်လွင်သန်းအနေနဲ့ အသက် ၂၀ အရွယ်မသန်စွမ်းသမီးလေးအပြင် ၃ တန်းကျောင်းတက်အရွယ်သားလေးတစ်ဦးရှိကြောင်း သိရပါတယ်။





