Monday, July 13, 2026

သောင်ရင်းမြစ်ရေ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ စုရပ်(၅)နေရာနှင့် ရေဘေးယာယီကယ်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ရောက်ရှိနေကာ မြစ် ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်နေအိမ်များတွင်နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊...

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံ...

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန် ကြီးများကြား အလွတ်သဘောအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သ ဘောအစည်းအဝေးကို ဇူလိုင်...

Seafarers Support Fund သည်...

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်နံနက် ၁၀ နာရီမှစတင်ကာ ပုသိမ်မြို့၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)အနေဖြင့် သြဂုတ်...
HomeNewsLocal Newsမသန်စွမ်းသက်ငယ်သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူခေါ်ယူ

မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် တက်ရောက်ရန် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံပိုင်သတင်းစာမှတဆင့် ခေါ်ယူထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်) နှင့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး) တို့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ခြင်း မရှိသောသူများသည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းတွင် လက်ခံနိုင်သည့် ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန် စွမ်းမှုအမျိုးအစားများ Down Syndrome၊ Autism၊ Attention Deficit Hyper Activity Disorder (ADHD)၊ Global Development Delay (GDD)၊ အခြားဉာဏ်ရည်မသန်စွမ်းမှုအမျိုးအစားများဖြစ်သည့် ခြေလက်မပြည့်စုံသူ (Amputee) သူငယ်နာအကြောတင်း (Cerebral Palsy)သူများဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူသည် အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူဖြစ်ရမည်ဖြစ်ပြီး အိမ်ထောင်မရှိဘူးသူ (လူပျို/အပျို) ၊ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေး လျှောက်ထားနိုင်သည်။

မိဘ (သို့မဟုတ်) အုပ်ထိန်းသူ ကိုယ်တိုင်ကျောင်းအပ်နှံပြီး ကျောင်းသား ကျောင်းသူများပါ တစ်ပါတည်း ခေါ်ဆောင်၍ အပ်နှံရမည်ဖြစ်ကာကျောင်းအပ်နှံရာတွင် လိုအပ်သည့်အချက်များမှာ ကလေး၏ ပတ်စ်ပို့ဓာတ်ပုံလေးပုံ၊ မွေးစာရင်း မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုဇယား မူရင်းနှင့် မိတ္တူ၊ သတ်မှတ်ထားသော ရောဂါအမည် (Diagnosis) မိတ္တူကျန်းမာရေးနှင့် ပတ်သက်သော ဆေးမှတ်တမ်းများ ပါရှိရမည်ဖြစ် ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူဟောင်းများအား မေလဆန်း တတိယပတ်တွင် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူသစ်များအား မေလစတုတ္ထပတ်မှစ၍ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူသည် ဖွံ့ဖြိုးမှုနယ်ပယ် (၅)ရပ်အပြင် မိမိတို့၏ တစ်နေ့တာ လုပ်ဆောင်မှုများအား လေ့ကျင့်သင်ကြားရမည် ဖြစ်သည်။

လျှောက်ထားလိုသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ အမှတ်-၆၅၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံဝင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လည်းကောင်း၊ မသန်စွမ်းသက်ငယ် သင်တန်းကျောင်း အမှတ် (၂၆) ဘီလမ်း၊ (၅၈) လမ်းနှင့် (၅၉) လမ်းကြား၊ မဟာဇေယျာဘုံရပ်ကွက်၊ အောင်မြေသာဇံ မြို့နယ်၊ မန္တလေးမြို့သို့လည်းကောင်း တို-က်ရို-က်ဖြစ်စေ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမှုဝန်ထမ်း ရုံးများမှတစ်ဆင့်ဖြစ်စေ စုံစမ်းနိုင်ကြောင်း အသိပေးထားသ ည်။

အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနစု၊ ဖုန်း ၀၆၇-၄၀၄၂၅၂၊ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း (ရန်ကုန်) ဖုန်း ၀၁-၉၆ ၆၁၄၄၂၊ ၀၉-၇၉၉၄၇၈၈၉၃၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး) ဖုန်း ၀၂-၄၀၂၁၀၉၂၊ ၀၉-၄၀၀၄၀၇၅၄ ၂၊ ၀၉-၄၀၂၅၈၃၂၁၆ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သောင်ရင်းမြစ်ရေ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ စုရပ်(၅)နေရာနှင့် ရေဘေးယာယီကယ် ဆယ်ရေးစခန်း(၁၁)ခုဖွင့်လှစ်ထား

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ရောက်ရှိနေကာ မြစ် ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်နေအိမ်များတွင်နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် သက် ဆိုင်ရာအဖွဲ့အစည်းများက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ " မိုးကဆက်တိုက်ရွာနေတော့ သောင်ရင်းမြစ်ရေကအ တော်တက်လာတာ။ အနိမ့်ပိုင်းရပ်ကွက်တွေထဲရေတွေဝင်လာတယ်။ ဒါ့ကြောင့် အဲဒီရေဝင်နေတဲ့အိမ်တွေက လူတွေရယ် ရေဝင်နိုင်တဲ့အိမ်တွေကလူတွေရယ်ကို ရေ ဘေးကယ်ဆယ်ရေးစခန်းတွေဆီရွှေ့ပေးနေပါတယ်။ မြဝတီမြို့မှာ ရေဘေးကူညီကယ်ဆယ်ဖို့ စုရပ်(၅)နေရာသတ်မှတ်ထားပါတယ်။ နောက် ရေဘေးယာယီကယ် ဆယ်ရေးစခန်းက (၁၁)ခုဖွင့်လှစ်ပေးထားပါတယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို...

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၌ MOFA ပြည်ထောင်စုဝန်ကြီး ပြောကြား

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန် ကြီးများကြား အလွတ်သဘောအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သ ဘောအစည်းအဝေးကို ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ ရွေးကောက်ခံအစိုးရသစ်အနေဖြင့် နိုင်ငံတော်တာဝန် စတင်ယူချိန်မှစ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပ ဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတို့အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံက AHA Centre မှတစ်ဆင့်ပေးအပ်သည့် လူ သားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲဖြန့်ဝေပေးအပ်နေမှု၊...

Seafarers Support Fund သည် သင်္ဘောသားများအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်ဟု MSESF ဥက္ကဌ ပြောကြား

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကို SRPS ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ စုစည်းထားတဲ့ကော်မတီတစ်ရပ်က ထိန်းသိမ်းပြီး SRPS တွေရဲ့အများပိုင် ရန်ပုံငွေ အဖြစ်ထားရှိပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သုံးစွဲရမှာဖြစ်ပါတယ်။ DMA ကိုပေးသွင်းရတာမျိုးမဟုတ်သလို လိုင်စင်ကြေးလည်းမဟုတ်ပါဘူး။ တရားဝင်ထွက်ခွာခဲ့တဲ့ သင်္ဘောသားတွေ စွန့်ပစ်ခံရမှု၊ လစာမရရှိမှု၊ ပြန်လည်ခေါ်ဆောင်နိုင်ရေးနဲ့ မြန်မာသင်္ဘောသားများအလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုတိုးတက်ရရှိလာနိုင်စေရေးနဲ့ အခြားအရေးပေါ်အခြေအနေတွေမှာ အကာအကွယ်ပေးနိုင်ဖို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071