Looking for something?

Explore the website

Looking for something?

Tuesday, June 24, 2025

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင်...

၁၂ ရက်ကြာစစ်ပွဲ အပ-စ်ရပ်ရန်အစ္စရေး-အီရန်သဘောတူ–ထရမ့်ပ်

အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်‌တော့မည်ဖြစ်သည်။ ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ...

ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး မယ်ဆိုင်ချောင်း ရေထိန်းနံရံ...

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ယခုနှစ် ရေကြီးရေလျံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်း ကမ်းဘေးမြေသားတာဘောင် ရေထိန်းနံရံ တည်ဆောက်မှုကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရာ၌ ချောင်းအတွင်း...

အပစ်အခတ်ရပ်စဲရေး “အကောင်အထည်ဖော်နိုင်ခဲ့ပြီ” ဟု အီရန်နိုင်ငံပိုင်ရုပ်သံ...

အီရန်၏ ထိုးစစ်များစွာအပြီး အစ္စရေးလ်အပေါ် အပစ်အခတ်ရပ်စဲရေးကို "အကောင်အထည်ဖော်နိုင်ခဲ့ပြီ" ဟု အီရန်နိုင်ငံပိုင်ရုပ်သံက ဒေသစံတော်ချိန် ၁၂:၀၉ တွင် ကြေညာလိုက်သည်။ အပစ်အခတ်ရပ်စဲရေး မစတင်မီ "နောက်ဆုံးဒုံးကျည်များ"...
HomeNewsLocal Newsမသန်စွမ်းသက်ငယ်သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူခေါ်ယူ

မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် တက်ရောက်ရန် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံပိုင်သတင်းစာမှတဆင့် ခေါ်ယူထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်) နှင့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး) တို့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ခြင်း မရှိသောသူများသည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းတွင် လက်ခံနိုင်သည့် ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန် စွမ်းမှုအမျိုးအစားများ Down Syndrome၊ Autism၊ Attention Deficit Hyper Activity Disorder (ADHD)၊ Global Development Delay (GDD)၊ အခြားဉာဏ်ရည်မသန်စွမ်းမှုအမျိုးအစားများဖြစ်သည့် ခြေလက်မပြည့်စုံသူ (Amputee) သူငယ်နာအကြောတင်း (Cerebral Palsy)သူများဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူသည် အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူဖြစ်ရမည်ဖြစ်ပြီး အိမ်ထောင်မရှိဘူးသူ (လူပျို/အပျို) ၊ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေး လျှောက်ထားနိုင်သည်။

မိဘ (သို့မဟုတ်) အုပ်ထိန်းသူ ကိုယ်တိုင်ကျောင်းအပ်နှံပြီး ကျောင်းသား ကျောင်းသူများပါ တစ်ပါတည်း ခေါ်ဆောင်၍ အပ်နှံရမည်ဖြစ်ကာကျောင်းအပ်နှံရာတွင် လိုအပ်သည့်အချက်များမှာ ကလေး၏ ပတ်စ်ပို့ဓာတ်ပုံလေးပုံ၊ မွေးစာရင်း မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုဇယား မူရင်းနှင့် မိတ္တူ၊ သတ်မှတ်ထားသော ရောဂါအမည် (Diagnosis) မိတ္တူကျန်းမာရေးနှင့် ပတ်သက်သော ဆေးမှတ်တမ်းများ ပါရှိရမည်ဖြစ် ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူဟောင်းများအား မေလဆန်း တတိယပတ်တွင် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူသစ်များအား မေလစတုတ္ထပတ်မှစ၍ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူသည် ဖွံ့ဖြိုးမှုနယ်ပယ် (၅)ရပ်အပြင် မိမိတို့၏ တစ်နေ့တာ လုပ်ဆောင်မှုများအား လေ့ကျင့်သင်ကြားရမည် ဖြစ်သည်။

လျှောက်ထားလိုသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ အမှတ်-၆၅၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံဝင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လည်းကောင်း၊ မသန်စွမ်းသက်ငယ် သင်တန်းကျောင်း အမှတ် (၂၆) ဘီလမ်း၊ (၅၈) လမ်းနှင့် (၅၉) လမ်းကြား၊ မဟာဇေယျာဘုံရပ်ကွက်၊ အောင်မြေသာဇံ မြို့နယ်၊ မန္တလေးမြို့သို့လည်းကောင်း တို-က်ရို-က်ဖြစ်စေ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမှုဝန်ထမ်း ရုံးများမှတစ်ဆင့်ဖြစ်စေ စုံစမ်းနိုင်ကြောင်း အသိပေးထားသ ည်။

အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနစု၊ ဖုန်း ၀၆၇-၄၀၄၂၅၂၊ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း (ရန်ကုန်) ဖုန်း ၀၁-၉၆ ၆၁၄၄၂၊ ၀၉-၇၉၉၄၇၈၈၉၃၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး) ဖုန်း ၀၂-၄၀၂၁၀၉၂၊ ၀၉-၄၀၀၄၀၇၅၄ ၂၊ ၀၉-၄၀၂၅၈၃၂၁၆ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင် အိန္ဒိယတွင် မှတ်ပုံတင်ထားသော သို့မဟုတ် အိန္ဒိယလေကြောင်းလိုင်းများနှင့် အော်ပရေတာများက စီမံခန့်ခွဲသော၊ ပိုင်ဆိုင်သော သို့မဟုတ် ငှားရမ်းထားသော လေယာဉ်များအားလုံး သည် ကန့်သတ်မှုတွင် အကျုံးဝင်သည်။ ကရာချိနှင့် လာဟိုးလေကြောင်းသတင်းအချက်အလက်ဒေသကြီးများပါ အကျုံးဝင် သက်ဆိုင်သော အဆိုပါ အကြံပြုချက်တွင် အိန္ဒိယလေယာဉ်များက ပါကစ္စတန်လေပိုင်နက်အတွင်း ဝင်ရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသည်။ အသစ်ပြင်ဆင်လိုက်သည့် NOTAM သည် ဇူလိုင်လ...

၁၂ ရက်ကြာစစ်ပွဲ အပ-စ်ရပ်ရန်အစ္စရေး-အီရန်သဘောတူ–ထရမ့်ပ်

အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်‌တော့မည်ဖြစ်သည်။ ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ ၁၂ နာရီကြာ အပ-စ်ရပ်ကာလနှစ်ခု ပါဝင်ပြီး အရှေ့ပိုင်းအချိန်ဇုန် နံနက် ၁၂ နာရီခန့်တွင် အီရန်၌ စတင်မည်ဖြစ်သည်။ ထို့နောက် ဒုတိယမြောက် ၁၂ နာရီ အပ-စ်ရပ်စဲမှုကို အစ္စရေးက လိုက်နာမည်ဖြစ်သည်ဟု ထရမ့်ပ်က ပြောဆိုသည်။ ၂၄ နာရီ အပ-စ်ရပ်ပြီးနောက်တွင် စစ်ပွဲအဆုံးသ-တ်ကြောင်း တရားဝင်ကြေညာလိမ့်မည်ဟု ထရမ့်ပ်က ပြောကြားသည်။ “အရာရာတိုင်းကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း...

ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး မယ်ဆိုင်ချောင်း ရေထိန်းနံရံ စတင်တည်ဆောက်

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ယခုနှစ် ရေကြီးရေလျံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်း ကမ်းဘေးမြေသားတာဘောင် ရေထိန်းနံရံ တည်ဆောက်မှုကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရာ၌ ချောင်းအတွင်း ၁၅ ပေ၊ ကမ်းပေါ် ၁၅ ပေ၊ တာဘောင်အမြင့် ပေ ၃၀၊ တာဘောင်အရှည် ပေ ၁၆၃၀ တို့ကို စက်ယန္တယားများဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မယ်ဆိုင်-မယ်ဟောက်ချောင်း သောင်တူးဖော်ခြင်းအတွက် နည်းပညာဆိုင်ရာပူးပေါင်းအဖွဲ့က ဦးဆောင်၍ နှစ်နိုင်ငံ နယ်နိမိတ်ဖြစ်သည့် မယ်ဆိုင်-မယ်ဟောက်ချောင်းအတွင်း Meter Cubic (ကုဗမီတာ)၂၆၅,၂၅၅.၃၉ ရှိသည့်အနက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071