မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ ဆွန်ကိုင်းဘလို့မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကိုထူး(၅၃)နှစ်သည် မေ (၂၃) ရက်က ယာဥ်မတော်တဆမှုကြောင့် ဆွန်ကိုင်းဘလို့မြို့ဆေးရုံကြီး၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား သဂြိုလ်နိုင်ရန် မိသားစုဝင်များနှင့် ဆက်သွယ်မှုများ ပြုလုပ်ရမည်ဖြစ်၍ မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ၎င်း၏ မိသားစုဝင်များအား ဆက်သွယ်နိုင်ရန် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးကြောင်း သိရ သည်။
သေဆုံးသူသည် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃/၂၈/ဇ တွင် နေထိုင်သူဖြစ်ကာ ၎င်းကိုယ်တိုင်မှာလည်း မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသည်။
ထို့ကြောင့် သေဆုံးသူ၏ မိသားစုဝင်များ၊ မိတ်ဆွေများအနေဖြင့် ကိုထူး၏ ရုပ်အလောင်းအား သဂြိုလ်နိုင်ရန် လိုအပ်သည့်စာရွက်စာမ်းများဆောင် ရွက်နိုင်ရန် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)၏ ဖုန်း ၀၁၆-၆၅၇ ၇၉၀၃ သို့ ဆက်သွယ်ပေးကြရန် အကူအညီတောင်းခံထားသည်။