မလေးရှားနိုင်ငံ၌ ကားတိုက်ခံရပြီးသေဆုံးခဲ့သည့် မြန်မာအမျိုးသမီးအား ဇွန် ၂၅ ရက်၌ သဂြိုလ်သွားမည်

မလေးရှားနိုင်ငံ၊ပီနန်းဘာတာဝပ်မြို့၌ မြန်မာအ လုပ်သမားမိန်းကလေးတစ်ဦးဖြစ်သည့် မပြည်ခင်မယ်(၂၄)နှစ်သည် ကားတိုက်ခံရမှုကြောင့်သေဆုံးခဲ့ကြောင်း သိရသည်။
မပြည်ခင်မယ်သည် ဘာတာဝပ်မြို့၌ အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ဇွန် ၁၆ ရက်ကလမ်းဖြတ်ကူးစဥ် ကားတိုက်ခံရခြင်းဖြစ်ပြီး ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်၊နတ္တလင်းကျေးရွာနေသူဖြစ်ကြောင်း သိရသည်။
ကားတိုက်ခံရမှုကြောင့် အခင်းဖြစ်နေရာ၌သေဆုံးခဲ့သည့် မပြည်ခင်မယ်၏ ရုပ်အလောင်းအား မလေးရှားနိုင်ငံတွင်ပင် ဇွန် ၂၅ ရက်၌ သဂြိုလ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံသားအချို့လိုက်ပါပို့ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်ဟု သိရသည်။
လက်ရှိအချိန်၌ မပြည်ခင်မယ်၏ ရုပ်အလောင်းအား ဆေးရုံရေခဲတိုက်တွင် ထားရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း မြန်မာနိုင် ငံသား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
