Tuesday, June 24, 2025

AHA Centre မှလှူဒါန်းသည့် ယာယီစာသင်...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင် ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms....

စစ်ပွဲအဆုံးသတ်ဖို့ အစ္စရေးနဲ့ အီရန်တို့ သဘောတူညီခဲ့ကြတယ်လို့...

အစ္စရေးနဲ့ အီရန်တို့ဟာ လုံးဝပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပြီဖြစ်ပြီး အရှေ့ပိုင်းစံတော်ချိန် ညသန်းခေါင်ယံမှာ စတင်မှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ညနေပိုင်းမှာ လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ ထရမ့်ရဲ့...

မီးခိုးမြူ တို-က်ဖျ-က်ရေးအတွက် မြန်မာ-လာအို-ထိုင်း (၃)...

နယ်စပ်ဖြ-တ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ...

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ...
HomeNewsLocal Newsမလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား...

မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊ ဖျာပုံမြို့၏အနောက်တောင်ဘက် ရေမိုင်(၆၀)ခန့်အကွာ ပင်လယ်ပြင်၌ “အားမာန်သစ်”စက်လှေပေါ်မှ သိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊ အောင်မြင့်(၅၁) နှစ်၊ သိန်းဇော်(၅၆)နှစ်တို့အား ပီနံအိတ်(၃၁)အိတ်ဖြင့်ထည့်ထားသောI CE ၆၁၈ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဧပြီ ၂၇ ရက်တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၏အနောက်ဘက် ရေမိုင် (၁၈၀)ခန့်အကွာပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှ တရားခံဆန်းလွင်(၆၅)နှစ်၊ စစိန်ငွေသိန်း (၅၄)နှစ်၊ ခန့်ဇင်သန့်(၃၈)နှစ်၊ ဖြိုးသူဝင်း(၂၄)နှစ်၊ ဥက္ကာမင်းမောင်(၂၀)နှစ်၊ အောင်သူထိုက်(၃၁)နှစ်၊ သက်ပိုင်ဦး(၂၂)နှစ်၊ မင်းခန့်ကျော်(၂၀)နှစ်၊ ဇော်လင်း (၂၂)နှစ်၊ ကျော်သူနိုင်(၃၅)နှစ်၊ အောင်သူ (၃၄)နှစ်၊ တင်ဌေး(၆၅)နှစ်တို့အား ပီနံအိတ်(၂၂၀) အိတ်ဖြင့်ထည့်ထားသည့် ICE ၃၄၇၅ ကီလိုဂရမ်၊ ကတ်တမင်း ၂၀၀၀ ကီလိုဂရမ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများတင်ဆောင်ပေးခဲ့သည့် ချစ်ဆန်းကို(၄၄)နှစ်ကိုလည်း ဖျာပုံမြို့ရှိ “အောင်သရဖူ” KTV ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၂၇ ရက်ညနေပိုင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသည့် AA အဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ်(၃၄) နှစ်နှင့်အတူ ကျော်မင်းသန်း(ခ)မောင်လုံး(၃၆)နှစ်၊ အောင်မိုးဝင်း(ခ)ဝင်းခိုင်(၄၅)နှစ်၊ ပြည့်စုံ(ခ)နွားကြီး(၃၅)နှစ်တို့အား ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာ၊ အိမ်အမှတ်(အို-၁၁၆)၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မေ ၁ ရက်နံနက်ပိုင်းတွင် နေပိုင်လင်း(ခ) အောင်နိုင်ကြွယ်၊ AA အဖွဲ့မှထောက်ပံ့ရေးအဖွဲ့ဝင်များဖြစ်သော ပိုင်ပိုင်ထွေး(ခ)အောင်နိုင်ထွေး(ခ) အောင်နိုင်သူ(ခ)ပိုင်ပိုင်(၂၆)နှစ်၊ နော်နော်(၂၄)နှစ်၊ ကိုကိုဦး(၅၈)နှစ်၊ မေ ၆ ရက်ညနေပိုင်းတွင် ကောင်းမြတ်သူ(၂၅)နှစ်၊ မေ ၁၁ ရက်ညနေပိုင်းတွင် AA အဖွဲ့မှ ထောက်ပံ့ရေးဒု-တာဝန်ခံ နေမြင့်ထွန်း(ခ)ပြည့်စုံ(ခ)လူကြီး(၄၁)နှစ်အား ပီနံအိတ် ၃၂ အိတ်အတွင်း ထည့်သွင်းသိုဝှက်ထားသည့် ကတ်တမင်း(၁,၀၀၀)ကီလိုဂရမ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ(၂၆)ဦးအား ငွေကျပ် (၂၈၂ ဒသမ ၃၂၅)ဘီလီယံခန့်တန်ဖိုးရှိ ICE ၄,၀၉၃ ကီလိုဂရမ်၊ ကတ်တမင်း ၃,၀၀၀ ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန်ကျန်ရှိသော ကိုစိုင်း၊ ကိုတရုတ်(ခ)စိုင်းအောင်လူတို့ထံမှ ဝယ်ယူ၍ မလေးရှားနိုင်ငံသို့ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကိုဆွေးနွေး

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင် ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms. Vanessa May တို့ ဇွန် ၂၃ ရက်မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် လူကယ်ပြန်ဝန်ကြီးဌာနနှင့် UNOCHA အဖွဲ့တို့ကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ် ငန်းများ၊ နိုင်ငံတော်မှဆောင်ရွက်နေသည့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများအတွက် တရုတ်နိုင်ငံက အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီရုံးခန်း (Prefabricated Office)နှင့် ယာယီဝန်ထမ်းအိမ် ရာ(Prefabricated House)လှူဒါန်းထားရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် AHA...

စစ်ပွဲအဆုံးသတ်ဖို့ အစ္စရေးနဲ့ အီရန်တို့ သဘောတူညီခဲ့ကြတယ်လို့ ထရမ့်ဆို

အစ္စရေးနဲ့ အီရန်တို့ဟာ လုံးဝပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပြီဖြစ်ပြီး အရှေ့ပိုင်းစံတော်ချိန် ညသန်းခေါင်ယံမှာ စတင်မှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ညနေပိုင်းမှာ လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ ထရမ့်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး အစ္စရေး ဒါမှမဟုတ် အီရန် အရာရှိတွေဖက်က လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ထရမ့်ပ် ဖော်ပြခဲ့တဲ့ သဘောတူညီချက်မှာ ၁၂ နာရီစီကြာမယ့် အပစ်အခတ်ရပ်စဲရေး ကာလနှစ်ခု ပါဝင်ပြီး အရှေ့ပိုင်းစံတော်ချိန် ည ၁၂ နာရီဝန်းကျင်မှာ အီရန်က စတင်မှာဖြစ်ပါတယ်။ ဒါဟာ "အစ္စရေးနဲ့ အီရန်တို့ လက်ရှိလုပ်ဆောင်နေတဲ့ နောက်ဆုံးမစ်ရှင်တွေ ပြီးစီးသွားချိန်"...

မီးခိုးမြူ တို-က်ဖျ-က်ရေးအတွက် မြန်မာ-လာအို-ထိုင်း (၃) နိုင်ငံ ပူးပေါင်းဆောင်ရွက်နေ

နယ်စပ်ဖြ-တ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းကပြောသည်။ International Symposium on Haze Governance in Thailand အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်၍ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ချင်းမိုင်မြို့၊ ရှန်ဂရီလာဟိုတယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းနိုင်ရေးနည်းလမ်းများ ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က ကမကထပြု၍ ထိုင်းနိုင်ငံ၊ သဘာဝသယံဇာတနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071