Monday, July 13, 2026

ဝင်းသိင်္ဂီထွန်းကို ပင်နယ်တီဘေးကန်ခဲ့မှုကြောင့် တစ်ပွဲပယ်၊ ဒဏ်ကြေး...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၄) တွင် ပင်နယ်တီကို ရည်ရွယ်ချက်ရှိရှိ ဘေးကန်ခဲ့သည့် ရတနာပုံအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းအား...

ပြန်သုံးလို့ရတဲ့ ဒုံးပျံပုံစံငယ်ကို ဂျပန်အောင်မြင်စွာ လွှတ်တင်၊...

ဂျပန်အာကာသအေဂျင်စီက စမ်းသပ်နေတဲ့ အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်မယ့် ဒုံးပျံရှေ့ပြေးပုံစံငယ်တစ်ခုဟာ အမြင့် ၁၀ မီတာလောက်အထိ တက်သွားခဲ့ပြီးနောက်မှာ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီပျံသန်းမှုဟာ စက္ကန့် ၄၀...

မိုးသည်းထန်စွာရွာသွန်း၍ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်ခဲ့မှု ယနေ့ ဇူလိုင် ၁၂ ရက်ညနေ ၄ နာရီ ၂၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်...

ဝယ်ယူပြီး စားအုန်းဆီကိုအသုံးမပြုဘဲ တစ်ဆင့်ပြန် လည်ရောင်းချသူများကိုစိစစ်အရေးယူနေ 

ဝယ်ယူထားသည့် စားအုန်းဆီကို အမှန်တကယ်အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူလျက်ရှိသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင် ၁၁ ရက်က အသိပေးကြေညာခဲ့သည်။ ထို့ပြင် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီကို ဇူလိုင်လအတွက်...
HomeInternationalမလေးဂျိုဟာပြည်နယ်၌လေးရက်အတွင်း စံချိန်တင်မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပေါ်လျက်ရှိ

မလေးဂျိုဟာပြည်နယ်၌လေးရက်အတွင်း စံချိန်တင်မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပေါ်လျက်ရှိ

မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ်၌ လေးရက်တာကာလအတွင်း မိုးစံချိန်တင်ရွာသွန်းခဲ့ပြီး အဆိုပါရွာသွန်းမှုသည် ၁၉၉၁ ခုနှစ်နောက်ပိုင်းကာလများအတွင်း အများဆုံးမိုးရေချိန်ဖြစ်ကြောင်းသိရသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုလည်း ဆက်လက်မြင့်တက်လာကာ ရေဘေးရှောင်သူပေါင်း လေးသောင်းခွဲနီးပါးရှိလာပြီဟုသိရသည်။

ဂျိုဟာပြည်နယ်အာဏာပိုင်များ၏ပြောကြားချက်အရ မိသားစုပေါင်း တစ်သောင်းသုံးထောင်ခန့်သည် ခရိုင်ဆယ်ခုရှိ ရေဘေးကယ်ဆယ်ရေးယာယီစခန်း ၂၆၀ ၌ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်းသိရသည်။အခြားပြည်နယ်အသီးသီး၌လည်း ရေဘေးဒဏ်အားဆိုးရွားစွာခံနေရကြောင်းပြောကြားခဲ့သည်။

ရေလျှံမှုကြောင့်လမ်းများလည်း ထက်ပိုင်းကျိုးကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲကုန်သည်။ ကားအချို့သည်လည်းရေနစ်မြုပ်ကုန်ပြီး ယာဉ်မောင်းများအခက်တွေ့နေရသည်ကို ဓာတ်ပုံများ၌ဖော်ပြထားသည်။

မိသားစုပေါင်းများစွာသည်လည်း ဘေးကင်းရေးအတွက် နေရပ်စွန့်ခွာရှောင်တိမ်းရန်ပြင်ဆင်နေကြသည်ကို ပုံများ၌တွေ့မြင်နိုင်ပြီး အာဏာပိုင်များ၏ပြောကြားချက်အရ ဗုဒ္ဓဟူးနေ့မှစ၍ ယနေ့အထိသေဆုံးသူ လေးဦးခန့်ရှိလာပြီဖြစ်ကြောင်းလည်းသိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရေကြီးပြီးနောက် နောက်ဆက်တွဲဖြစ်လေ့ရှိသည့် ရောဂါများနှင့်အစာအဆိပ်သင့်မှုများအပါအဝင် ရောဂါကြိုတင်ကာကွယ်ရေးအတွက်လည်း အဆင်သင့်ပြင်ဆင်စောင့်ကြည့်နေကြောင်းပြောကြားခဲ့သည်။

Source : CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝင်းသိင်္ဂီထွန်းကို ပင်နယ်တီဘေးကန်ခဲ့မှုကြောင့် တစ်ပွဲပယ်၊ ဒဏ်ကြေး ကျပ်နှစ်သိန်းချမှတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၄) တွင် ပင်နယ်တီကို ရည်ရွယ်ချက်ရှိရှိ ဘေးကန်ခဲ့သည့် ရတနာပုံအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းအား အနီးဆုံးတစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ကျပ်နှစ်သိန်း ချမှတ်လိုက်ကြောင်း ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်မှာ ရတနာပုံအသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝင်းသိင်္ဂီထွန်းက ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း ဂိုးသွင်းရန် မကြိုးစားဘဲ ဘေးသို့ကန်ထုတ်ခဲ့ခြင်း ဖြစ်သည်။ MFF ၏ ထုတ်ပြန်ချက်အရ ဝင်းသိင်္ဂီထွန်းသည် အဆိုပါလုပ်ရပ်မှာ မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝန်ခံကာ အသင်းအား တောင်းပန်ထားသည်ဟု ဆိုသည်။ သို့သော်...

ပြန်သုံးလို့ရတဲ့ ဒုံးပျံပုံစံငယ်ကို ဂျပန်အောင်မြင်စွာ လွှတ်တင်၊ ပြန်လည်ဆင်းသက်နိုင်ခဲ့

ဂျပန်အာကာသအေဂျင်စီက စမ်းသပ်နေတဲ့ အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်မယ့် ဒုံးပျံရှေ့ပြေးပုံစံငယ်တစ်ခုဟာ အမြင့် ၁၀ မီတာလောက်အထိ တက်သွားခဲ့ပြီးနောက်မှာ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီပျံသန်းမှုဟာ စက္ကန့် ၄၀ လောက် ကြာမြင့်ခဲ့ပါတယ်။ လက်ရှိမှာ SpaceX ကုမ္ပဏီကပဲ လွှမ်းမိုးထားတဲ့၊ ကုန်ကျစရိတ်တွေ အများကြီးလျှော့ချပေးနိုင်တဲ့ နည်းပညာနယ်ပယ်မှာ ခြေလှမ်းသစ်တစ်ရပ်အနေနဲ့ သူတို့ရဲ့ ပြန်သုံးနိုင်တဲ့ ဒုံးပျံရှေ့ပြေးပုံစံငယ်ဟာ ပထမဆုံးအကြိမ် လွှတ်တင်တာရော၊ ပြန်ဆင်းသက်တဲ့ စမ်းသပ်မှုမှာပါ အောင်မြင်သွားပြီလို့ ဂျပန်အာကာသအေဂျင်စီက စနေနေ့ (ဇူလိုင် ၁၁ ရက်) မှာ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ ပထမဆုံး...

မိုးသည်းထန်စွာရွာသွန်း၍ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်ခဲ့မှု ယနေ့ ဇူလိုင် ၁၂ ရက်ညနေ ၄ နာရီ ၂၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်မြို့ရှိ ပုသိမ် -ကြံခင်းသွားရထားလမ်းပိုင်းအတိုင်း ပုသိမ်မြို့ဘက်မှ ကြံခင်းမြို့ဘက်သို့မောင်းနှင်လာသောအမြန်ရထားသည် ရထားလမ်းမိုင်တိုင်အမှတ် ၁၈၇/၂ နှင့် ၁၈၇/၃ ကြားအရောက်ရထားဘီးသံလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပုသိမ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်အတူ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071