Monday, September 7, 2026

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် PTTEP က...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများအတွက် PTTEP International Limited (Yangon Branch) သည် ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း၊ ပြည်ထောင်စုကားလမ်းမကြီး...

တနင်္သာရီ၊ စက်တင်ဘာ ၇ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး ရေဖုံးလွှမ်းမှုကြောင့် ယာဉ်သွားလာမှု ပြတ်တောက်ခဲ့သည့် ပြည်ထောင်စုကားလမ်းမကြီးတွင်လည်း မော်တော်ယာဉ်များ...

မန္တလေးတိုင်းရှိ အာမခံအလုပ်သမား ၁၂၇,၀၀၀ ကျော်ကို...

မန္တလေး၊ စက်တင်ဘာ ၇ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျုံးဝင်အာမခံအလုပ်သမား ၁၂၇,၂၇၆ ဦးအတွက် အလုပ်သမားဆေးရုံကြီး (မန္တလေး) အပါအဝင် ဆေးရုံ၊ ဆေးခန်း ၁၈ ခုဖြင့်...

လှိုင်မြို့နယ်မှ ဓာတ်အားပျေ-ာက်ဆုံးမှုများပြားသည့် ဖီဒါပေါ်ရှိ ခေတ်ဟောင်း(Analog)မီတာများအား...

ဓာတ်အားပျေ-ာက်ဆုံးမှုများပြားသည့် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ ဖီဒါပေါ်ရှိ ခေတ်ဟောင်း(Analog)မီတာများအား Smart Digital မီတာများဖြင့်အစားထိုးလဲလှယ်သွားမည်ဖြစ် ကြောင်း သိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှတာဝန်ရှိသူများက လှိုင်မြို့နယ်အတွင်း...
HomeNewsLocal Newsမယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း...

မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေများ ဝင်ရောက်

တာချီလိတ်၊ စက်တင်ဘာ ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ရေတားနံရံအချို့ ပြိုကျကာ မြို့ပေါ်ရပ်ကွက်များအတွင်း ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၇ ရက် နံနက်ပိုင်းအထိ ရရှိသည့် အချက်အလက်များအရ မကာအိုခမ်းရပ်ကွက်၊ အလူရာဟိုတယ်အနီးရှိ ရေတားနံရံ မီတာ ၂၀ ခန့် ပြိုကျပျက်စီးခဲ့သဖြင့် ချောင်းရေများ မြို့အတွင်းသို့ စီးဝင်နေခြင်း ဖြစ်သည်။

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် မကာအိုခမ်း၊ ဆန်ဆိုင်း၊ တာလောနှင့် ပုန်ထွန်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး သွားလာရေး အခက်အခဲများ ကြုံတွေ့နေရသည်။

ရေကြီးမှု ပြင်းထန်သည့် နေရာများတွင် လူနှင့် ပစ္စည်းများ ရွှေ့ပြောင်းရာ၌ လှေများနှင့် ရေပေါ်ဖောင်များ အသုံးပြုနေရသကဲ့သို့ နာရေးပို့ဆောင်ရေးများကိုပင် ရေလမ်းမှ ဆောင်ရွက်နေရသည့် အခြေအနေရှိကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီ တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်ထက် ၇၇ စင်တီမီတာ ကျော်လွန်ကာ ရေဆက်လက် မြင့်တက်နေဆဲဖြစ်သည်။

အလားတူ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ရှိ အရှည် ၁၂ ဒသမ ၈ ကီလိုမီတာခန့်ရှိ ရေတားနံရံကို Big Bag သဲအိတ်ကြီးများဖြင့် အရေးပေါ်ကာကွယ်မှုများ ပြုလုပ်နေပြီး သတိပေးချက်များ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရေထပ်မံတိုးလာနိုင်သဖြင့် မယ်ဆိုင်ချောင်းအနီးနှင့် ရေဝင်ရောက်နေသည့် ရပ်ကွက်များမှ ပြည်သူများအနေဖြင့် လုံခြုံရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းကြရန် ဒေသခံများက တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် PTTEP က ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ငွေ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများအတွက် PTTEP International Limited (Yangon Branch) သည် ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ အရေးပေါ်ကူညီကယ်ဆယ်ရေး ထောက်ပံ့ငွေအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ အတွင်း တရားဝင် ပေးအပ်လှူဒါန်းခဲ့ပါသည်။အဆိုပါ လှူဒါန်းမှုသည် ရေဘေးသင့်ဒေသများရှိ အရေးပေါ်ယာယီနေထိုင်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် မိုးကာရွက်များနှင့် အိတ်ဆောင်ဆိုလာမီးဆိုင်းများကို ပံ့ပိုးပေးနိုင်ရန် အသုံးပြုသွားမည်ဖြစ်ပါသည်။ ယခုထောက်ပံ့မှုသည် ရေဘေးသင့်ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို အဓိကထား ကူညီပံ့ပိုးခြင်းဖြစ်ပြီး ဒေသတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း၊ ပြည်ထောင်စုကားလမ်းမကြီး ပြန်လည်သွားလာနိုင်ပြီ

တနင်္သာရီ၊ စက်တင်ဘာ ၇ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး ရေဖုံးလွှမ်းမှုကြောင့် ယာဉ်သွားလာမှု ပြတ်တောက်ခဲ့သည့် ပြည်ထောင်စုကားလမ်းမကြီးတွင်လည်း မော်တော်ယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ လယ်တောင်ယာရွာပတ်ဝန်းကျင်တွင် ရေဖုံးလွှမ်းမှုကြောင့် မော်တော်ယာဉ်များ ပိတ်မိခဲ့သော်လည်း စက်တင်ဘာ ၅ ရက်မှစ၍ ရေပြန်လည်ကျဆင်းလာသဖြင့် ကား၊ ဆိုင်ကယ်နှင့် အခြားယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ဒေသခံထောင်ပေါင်းများစွာ ရေဘေးသင့်ခဲ့ပြီး စာသင်ကျောင်းအချို့ ခေတ္တပိတ်ထားခဲ့ရသည့်အပြင် ပြည်ထောင်စုကားလမ်းမကြီး၏ နေရာအချို့တွင်လည်း လမ်းပန်းဆက်သွယ်ရေး...

မန္တလေးတိုင်းရှိ အာမခံအလုပ်သမား ၁၂၇,၀၀၀ ကျော်ကို ဆေးရုံ၊ ဆေးခန်း ၁၈ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

မန္တလေး၊ စက်တင်ဘာ ၇ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျုံးဝင်အာမခံအလုပ်သမား ၁၂၇,၂၇၆ ဦးအတွက် အလုပ်သမားဆေးရုံကြီး (မန္တလေး) အပါအဝင် ဆေးရုံ၊ ဆေးခန်း ၁၈ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံရရှိစေရန် အလုပ်သမားဆေးရုံကြီး (မန္တလေး)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ခြောက်ခု၊ ဌာနကြီးဆေးခန်း ငါးခုနှင့် စာချုပ်ဆေးခန်း ခြောက်ခုတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထို့အပြင် ရွေ့လျားဆေးကုသယာဉ် (MMU) များဖြင့် စက်ရုံ၊ အလုပ်ရုံများအရောက် ကွင်းဆင်းကာ ဆေးကုသပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ECG နှလုံးစစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အာမခံအလုပ်သမားများ စိုက်ထုတ်ကုန်ကျထားသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071