Thursday, April 30, 2026

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ်...
HomeNewsLocal Newsမန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်လာရောက်သူများအား တည်းခိုဆောင်များ၌ညအိပ်တည်းခိုခွင့်ပြုမည်

မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်လာရောက်သူများအား တည်းခိုဆောင်များ၌ညအိပ်တည်းခိုခွင့်ပြုမည်

မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက် တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဇန်န ဝါရီ ၂၅ ရက်မှစတင်၍ ဧပြီလ(မြန်မာနှစ်ဆန်းတစ် ရက်နေ့)အထိကျင်းပသွားမည်ဖြစ်သည်။

ထိုသို့ ကျင်းပရာ၌ လာရောက်သူများအား တည်း ခိုဆောင်များတွင် ညအိပ်တည်းခိုခွင့်ပြုသွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ မန်းချောင်းသောင်ပြင်တွင် တည်းခိုဆောင်များနှင့်စျေးဆိုင်ခန်းများအား ဆောက်လုပ်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။

ညအိပ်တည်းခိုနိုင်သည့် တည်းခိုဆောင် ၁၀၀၀ ခန့်နှင့်စျေးဆိုင်ခန်း ၅၀၀ ကျော်ဆောက်လုပ်လျက်ရှိပြီး လက်ရှိအချိန်၌ နမ္မဒါ(၁)(၂)အပါအဝင် သောင်ပြင်တစ်လျှောက်တွင် တည်းခိုဆောင် ၄၀၀ နှင့်စျေးဆိုင်ခန်း ၂၀၀ ကျော်ဆောက်လုပ်ပြီးစီးပြီဖြစ်ကာ ဆောက်လုပ်ပြီးစီးသည့် စျေးဆိုင်ခန်းများကိုလည်း စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တည်းခိုဆောင်ဌားရမ်းခများအား တစ်ရင်လျင် အထူးခန်း(VIP)တည်းခိုဆောင်(ရေချိုးခန်း၊အိမ် သာပါ)ရေစပ်အနီးတစ်ခန်းလျင် ၅၀၀၀၀ ကျပ်၊ ၄၀၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်၊ ရိုးရိုးတည်းခိုဆောင် ရေစပ်အနီးတစ်ခန်းလျင် ၃၀၀၀၀ ကျပ်၊ရိုးရိုးတည်းခိုဆောင်(ကုန်းပေါ်)တစ်ခန်းလျင် ၂၀၀၀၀ ကျပ်စီသတ်မှတ်ထားကြောင်း သိရသည်။

တည်းခိုဆောင်ငှားရမ်းခများအ သတ်မှတ်နှုန်း ထားထက်ပိုမိုကောက်ခံပါက ထိရောက်စွာအရေး ယူ ဆောင်ရွက်သွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။

ထို့ပြင် နစက ဥက္ကဋ္ဌ၏လမ်းညွှန်ချက်အရ အထူးတံတား(ဘေလီသစ်သားတံတား)နေရာ၌ ဘေလီသံပေါင်တံတားသစ် ဆောက်လုပ်ထားပြီးဖြစ်ကာ မင်းဘူး-ရွှေစက်တော်နှင့်တောင်ပေါ်-တောင်အောက်သို့ ခရီးသည်တင်ကားများပြေးဆွဲပေးသွားမည်ဖြစ်၍ ဘုရားဖူးလာရောက်သူများ အ ဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု မြင်ကွင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး လွတ်ငြိမ်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀) ရက် နံနက်ပိုင်းက လွတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက်ရက်စွဲပါ အမိန့် အမှတ် (၅၁/၂၀၂၆)၊ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နှစ်စဉ်မပျက် ကျင်းပကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ကောလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူး ကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဝန် ထမ်းများ၊ ဒေသခံပြည်သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071