မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့်ထိခိုက်ခဲ့သည့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးဝန်းအတွင်းရှိ သာသနိက အဆောက်အဦးများ ပြန်လည်ပြုပြင်နိုင်ရေးအတွက်ကျွမ်းကျင်သည့် အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်သည့် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီး ကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေ၍ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။
ဘုရားကြီးဝန်းပြင်ဆင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မဟာမုနိဘုရားကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဦးစီကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြဆွေးနွေးကြကြောင်း သိရသည်။
ရှေးမူအတိုင်း ပိုမိုခိုင်ခံ့အောင်၊ လုပ်ငန်းများ မြန်ဆန်စွာ ပြီးစီးနိုင်အောင် စနစ်တကျ ကြပ်မတ်ကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင် နီယာကောင်စီတို့မှ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များနှင့် ပေါင်းစပ်၍ အလေးထားဆောင်ရွက်သွားရန်လည်း မန္တလေးတိုင်း ဝန်ကြီးချုပ်ကတိုက်တွန်း ပြောကြားခဲ့သည်။