မန္တလေးတိုင်းရှိ မန္တလေး-ပြင်ဦးလွင်သွားကားလမ်း၏ အဆင်းလမ်းတွင် ကြက်ဥတင်လာသည့်ကုန်တင်ကားတိမ်းမှောက်ခဲ့မှု ယနေ့ နိုဝင်ဘာ ၈ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)ထံမှ သိရသည်။
မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းအတိုင်း ကားမောင်းသူအပါအဝင် အမျိုးသား(၃)ဦးလိုက်ပါလာပြီး ကြက်ဥများတင်၍မောင်းနှင်လာသော ကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၉ အနီးရှိ တာဝါတိုင်ကွေ့တွင်အရှိန်လွန်ကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းမှောက်ခဲ့သဖြင့် အမျိုးသား(၁)ဦးမှာခြေထောက်ကျိုးသွားသဖြင့် စေတနာမွန်လူမူကူညီရေးအသင်း (အုန်းချော) မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
