မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ေ-သကျေပျက်စီးဆုံးရှုံးမှု (၂)လ ပြည့်ကို မေလ(၂၈)ရက် ၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် စေတီတော် သာသနာ့ ဗိမာန်တွင် ပြုလုပ်သည်။
၂၀၂၅ ရက် မတ်လ (၂၈) ရက်တွင် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှု (၂) လ ပြည့်အဖြစ် ဆုတောင်းမေတ္တာပို့သ၍ အမျှ အတမ်းပေးဝေခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများစုပေါင်း၍ ပြလုပ်ခြင်းဖြစ်သည်။
“နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့အပြီးတွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ စစ်ကိုင်းမြို့၊ သောတ ပန်ရပ်ကွက်၊ ခေမာသီဝံကျောင်းတိုက် ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ပွားသရစ္စျာယ် ချီးမြှင့်တော်မူကြပြီး ဆရာတော်ကြီးများနှင့် ပင့်သံဃာဆရာတော်များ ထံလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(အဖွဲ့ဝင်) စစ်ကိုင်းမြို့၊ ရွှေဘုန်းပွင့်ကျောင်းတိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တပဏ္ဍဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန် ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြည်ညိုကာ ရေစက်သွန်းချအမျှပေးဝေကြပြီး “အနိစ္စဝတ သင်္ခါရ” အစချီသော သံဝေဂဂါထာအား ရွတ် ဆိုခဲ့ကြသည်။