မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားတွင် သနပ်ခါးချစ်သူများ စုပေါင်းကျင်းပသည့် မြန်မာ့သနပ်ခါးပွဲတော် ပြုလုပ်ခဲ့သည်။
ယနေ့ ဖေဖော်ဝါရီ (၁) ရက် တပို့တွဲလပြည့် မြန်မာ့သနပ်ခါးပွဲတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယခုလိုကျင်းပခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ပွဲတော်လာသူများကို သနပ်ခါးတုံးများလည်း ပေးဝေခဲ့ပြီး နှစ်စဉ်မပျက် ကျင်းပသွားမည်ဟုလည်း သိရသည်။
Photo -MOI
