မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၆ လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြား၌ မန္တလေးမြို့တော်စည်ပင်သာယာရေး ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး Container House အလုံးရေ (၁၅၀)လုံး တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တည်ဆောက်ပေးနေသည့် နေရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက မေ (၁၇)ရက်က ကြည့်ရှု့စစ်ဆေးခဲ့ပြီး ချမ်းအေးသာစံမြို့နယ်ရှိ (၈၄)လမ်း၊ (၂၈)လမ်း နှင့် (၂ ၉) လမ်းကြား၊ (၇၈)လမ်း၊ (၂၇)လမ်းနှင့် (၂၈) လမ်း ကြား၊ မဟာအောင်မြေမြို့နယ် (၆၄)လမ်း၊ (၄၁)လမ်းနှင့် (၄၂)လမ်း ကြား၊ အောင်မြေသာစံမြို့နယ်(၆၂)လမ်းနှင့် (၆၃) လမ်း ကြား၊ (၂၃)လမ်းနှင့် (၂၄)လမ်းကြားရှိ အန္တရာယ်ရှိလူနေအ ဆောက်အဦများကို ဖယ်ရှားနေမှုကို တဆက်တည်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဓမ္မာစရိယ နှင့် ပါဠိပထမပြန်စာမေးပွဲစာဖြေဌာန ကျင်းပမည့် အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာ အားကစားကွင်း မိုးလုံလေလုံခန်းမသို့ သွားရော က်၍ စာဖြေဌာန အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် မှာကြားကာ လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။