မန္တလေးမြို့အခြေစိုက် မဟာလူမှုကူညီရေးအသင်းမှ ဒု-ဥက္ကဋ္ဌအပါအဝင် ၈ ဦးဖမ်းဆီးခံရပြီးနောက် အသင်းရုံးချိတ်ပိတ်ခံရ
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနှင့် ၉၂ လမ်းထောင့်ရှိ မဟာလူမှုကူညီရေးအသင်းရုံးအား ဖေဖော်ဝါ ရီ ၁၀ ရက်နံနက်ပိုင်းတွင် နစက ၏လုံ ခြုံရေးအဖွဲ့ဝင်များမှလာရောက်ချိတ်ပိတ်ခဲ့သည်ဟု မြို့နယ်နေသူများထံမှ သိရသည်။
“မဟာအောင်မြေမြို့နယ်အတွက်တော့ အရေးအကြောင်းရှိရင်အချိန်မရွေးကူ ညီပေးတဲ့အဖွဲ့ရုံးကချိတ်ပိတ်ခံလိုက်ရတယ် ဒီနေ့ပဲလာပြီးချိတ်ပိတ်သွားတာ အသင်းရုံးကော အသင်းပိုင်ပစ္စည်းတွေကောအကုန်လုံးကိုချိတ်ပိတ်သွားတာ” ဟုမြို့နယ်နေသူတစ်ဦးကပြောသည်။
မဟာလူမှုကူညီရေးအသင်း၏ ဒု-ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၈ ဦးအား နစက ၏ လုံခြုံရေးအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်နေ့ညပိုင်းတို့တွင် လာရောက်ဖမ်းဆီးပြီးနောက် ယင်းသို့ ချိတ်ပိတ်ခံခဲ့ရခြင်းဖြစ်သည်။
“အသင်း ဒု-ဥက္ကဋ္ဌ၊တွဲဖက်အတွင်းရေးမှူးအပါအဝင်ပေါ့ အဖွဲ့ဝင် ၈ ယောက်ကို လက်ရှိနိုင်ငံရေးဖြစ်စဥ်တွေနဲ့ ဆက်စပ်နေတယ်ဆိုပြီး လာဖမ်းသွားကြတာ အခုအသင်းရုံးချိတ်ပိတ်ခံလိုက်ရတော့ ကူ ညီရေးလုပ်ငန်းတွေကိုအကန့်အသတ်မရှိရပ်လိုက်ရတာပေါ့”ဟု မဟာလူမှုကူညီရေးအသင်းနှင့်နီးစပ်သူတစ်ဦးကပြော သည်။
လက်ရှိအချိန်တွင် ကျန်ရှိနေသည့် မဟာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌနှင့်အသင်း ဝင်များအားစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။
Photo Credit – မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ Page
Zaw Gyi