Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsမန္တလေးမြို့သည် GDP တိုး​စေမည့်အ​ကြောင်းရင်းများပြည့်စုံသည့်ဒေသတစ်ခုဖြစ်ဟု...

မန္တလေးမြို့သည် GDP တိုး​စေမည့်အ​ကြောင်းရင်းများပြည့်စုံသည့်ဒေသတစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော

(Unicode)

မန္တလေးမြို့သည် GDP တိုး​စေမည့်အ​ကြောင်းရင်းများပြည့်စုံသည့်ဒေသတစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော

မန္တလေးမြို့၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက ဇန်နဝါရီ ၂၃ ရက်တွင် မန္တလေးမြို့ရှိဘာသာပေါင်းစုံအဖွဲ့များ၊မြို့မိမြို့ဖများ၊မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊မန္တလေးတိုင်းကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဥ်​ နစကဥက္ကဌ ကအောက်ပါအ​ကြောင်းအရာများပြောကြားခဲ့သည်။

မန္တလေးမြို့သည် ရေခံမြေခံများကောင်းမွန်သလိုရာသီဥတုသင့်တင့်ကောင်းမွန်သည့် ဒေသတစ်ခုဖြစ်ကာ ကုန်ထုတ်လုပ်ငန်းများစွာဆောင်ရွက်နိုင်သည့် ဒေသဖြစ်ပြီး မန္တလေးမြို့ ပတ်ဝန်းကျင်တွင် လယ်လုပ်ငန်းများ၊ဥယျာဉ်ခြံမြေများ၊မွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်ဖြစ်ထွန်းသည်။

အလားတူ ပညာတတ်များ ပေါများသည့် မြို့ တစ်မြို့ဖြစ်ပြီး ပြီးခဲ့သည့် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ တစ်နိုင်ငံလုံးပထမရရှိသူ​ပေါ်ထွန်းခဲ့သည်။ မန္တလေး ​ဒေသအား တိုးတက်စေလိုသည့် စိတ်ဆန္ဒလည်းလူတိုင်းတွင်ရှိကြကာ ပါတီစုံဒီမိုကရေစီအစိုးရသက်တမ်းများအတွင်း မန္တလေးမြို့သည် သိသိသာသာတိုးတက်လာပြီး ယင်းတိုးတက်မှုများကို ယခုထက် ပိုမိုအသုံးချနိုင်ပါက နိုင်ငံ၏စီးပွားရေးတွင်အချက်အခြာကျသည့် ဒေသတစ်ခုဖြစ်လာမည်။

မန္တလေးမြို့သည် ကောင်းမွန်သည့် လမ်းပန်း ဆက်သွယ်ရေးအခြေအနေကြောင့် တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံနှင့်တမူးဘက်သို့ နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်းများရှိပြီး ဒေသမှထွက်ရှိသည့် ထုတ်ကုန်များအား ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်သည့် အခွင့်အရေးများရှိသည်။

စီးပွားရေးနှင့်ပတ်သက်၍ မန္တလေးမြို့သည် ဗဟိုချက်မဖြစ်ပြီး နိုင်ငံအဝန်းသို့ ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်သည်။

လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးအတွက်လည်း ခေတ်အဆက် ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကာ အဖျက်အမှောင့်လုပ်ငန်းများကြောင့် လျှပ်စစ်ဓာတ်အားများလုံလောက်စွာဖြန့်ဖြူးပေးနိုင်မှုမရှိခြင်း၊စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ချိန်တွင် အကြောင်းအမျိုးမျိုးပြ၍ အနှောင့်အယှက်ပေးမှုများရှိခြင်းတို့ကြောင့် လျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရန်နှောင့်နှေးမှုများဖြစ်ပေါ်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် ထုတ်လုပ်နိုင်သည့် ခေတ်မီနည်းလမ်းများရှိပြီး အချို့အဖွဲ့အစည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုအကြောင်းပြ၍ နိုင်ငံ၏လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုမပြုနိုင်ရန် နိုင်ငံရေးအရအသုံးချဆောင်ရွက်လျက်ရှိ၍ လျှပ်စစ်ဓာတ်အားလုံလောက်စွာထုတ်လုပ်နိုင်မှုမရှိသေးခြင်းဖြစ်သည်။

မန္တလေးတိုင်းတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဆောင်ရွက်၍ရနိုင်ပြီး အစိုးရမှခွင့်ပြုပေးသွားမည်။ LED မီးများကိုအသုံးပြုခြင်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုအား လျှော့ချနိုင်မည်ဖြစ်ကာ မီတာခများသက်သာမည်ဖြစ်ပြီး လိုအပ်သည့်နေရာ၌ မီးသုံးစွဲမှုကို ပိုမိုအသုံးပြုနိုင်မည်ဖြစ်သည်။စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဘိုင်အိုဂတ်စ်များမှလည်း လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်၍ “လိုလျှင် ကြံဆ နည်းလမ်းရ” ဟူသည့်အတိုင်း တွေးခေါ်ကြံဆ ဆောင်ရွက်ကြရန်လိုသည်။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် GDP ကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊စက်မှုလုပ်လုပ်ငန်းနဲ့ဝန်ဆောင်မှုသုံးခုနဲ့ တွက်ချက်ရပါတယ် မန္တလေးမှာ အဲဒီအချက်သုံးခုလုံး အားကောင်းတယ် စိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံတဲ့ SME လုပ်ငန်းတွေ ဆောင်ရွက်လို့ရတဲ့ အခြေခံကောင်းတွေရှိသလို ယဉ်ကျေးမှုမြို့တော်၊ရှေးဟောင်းမြို့တော်ဖြစ်တာကြောင့် ဘုရား၊ကျောင်းကန်တွေ များစွာရှိပြီး ဘာသာရေးဆိုင်ရာယဉ်ကျေးမှုတွေ ရှေးဟောင်းအဆောက်အဦးတွေနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေများစွာရှိပါတယ် အဲဒီယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းရင်းခရီးသွားတွေကိုဆွဲဆောင်ပြီး ခရီးသွားလုပ်ငန်းဝန်ဆောင်မှုတွေ ပိုမိုတိုးတက်အောင် ဆောင်ရွက်လို့ရပါတယ်။

နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံကိုယ်ကြီးပွားတိုးတက်အောင်ဆောင်ရွက်နေကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိသကဲ့သို့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံများ၊စက်မှုထိပ်သီးနိုင်ငံများ G- 7 ၊ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများ OECD၊ များရှိသည်။ထိုသို့ ဆောင်ရွက်နေသောနိုင်ငံများအားလုံးရှိ အစိုးရအဖွဲ့အစည်းများသည် မိမိတို့နိုင်ငံတိုးတက်စေရေးဦးဆောင်၍ ဆောင်ရွက်နေကြသည်။

(Zawgyi)

မႏၲေလးၿမိဳ႕သည္ GDP တိုး​ေစမည့္အ​ေၾကာင္းရင္းမ်ားျပည့္စုံသည့္ေဒသတစ္ခုျဖစ္ဟု နစက ဥကၠ႒ေျပာ

မႏၲေလးၿမိဳ႕၏ စီးပြားေရးလုပ္ငန္းေဆာင္႐ြက္ေနမႈမ်ားႏွင့္ပတ္သက္၍ နစက ဥကၠ႒က ဇန္နဝါရီ ၂၃ ရက္တြင္ မႏၲေလးၿမိဳ႕ရွိဘာသာေပါင္းစုံအဖြဲ႕မ်ား၊ၿမိဳ႕မိၿမိဳ႕ဖမ်ား၊မႏၲေလးစက္မႈဇုန္စီမံခန္႔ခြဲေရးေကာ္မတီ၊မႏၲေလးတိုင္းကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းတို႔မွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံစဥ္​ နစကဥကၠဌ ကေအာက္ပါအ​ေၾကာင္းအရာမ်ားေျပာၾကားခဲ့သည္။

မႏၲေလးၿမိဳ႕သည္ ေရခံေျမခံမ်ားေကာင္းမြန္သလိုရာသီဥတုသင့္တင့္ေကာင္းမြန္သည့္ ေဒသတစ္ခုျဖစ္ကာ ကုန္ထုတ္လုပ္ငန္းမ်ားစြာေဆာင္႐ြက္ႏိုင္သည့္ ေဒသျဖစ္ၿပီး မႏၲေလးၿမိဳ႕ ပတ္ဝန္းက်င္တြင္ လယ္လုပ္ငန္းမ်ား၊ဥယ်ာဥ္ၿခံေျမမ်ား၊ေမြးျမဴေရးလုပ္ငန္းမ်ားလည္း ေအာင္ျမင္ျဖစ္ထြန္းသည္။

အလားတူ ပညာတတ္မ်ား ေပါမ်ားသည့္ ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ၿပီး ၿပီးခဲ့သည့္ ပညာသင္ႏွစ္တြင္ တကၠသိုလ္ဝင္တန္း စာေမးပြဲ၌ တစ္ႏိုင္ငံလုံးပထမရရွိသူ​ေပၚထြန္းခဲ့သည္။ မႏၲေလး ​ေဒသအား တိုးတက္ေစလိုသည့္ စိတ္ဆႏၵလည္းလူတိုင္းတြင္ရွိၾကကာ ပါတီစုံဒီမိုကေရစီအစိုးရသက္တမ္းမ်ားအတြင္း မႏၲေလးၿမိဳ႕သည္ သိသိသာသာတိုးတက္လာၿပီး ယင္းတိုးတက္မႈမ်ားကို ယခုထက္ ပိုမိုအသုံးခ်ႏိုင္ပါက ႏိုင္ငံ၏စီးပြားေရးတြင္အခ်က္အျခာက်သည့္ ေဒသတစ္ခုျဖစ္လာမည္။

မႏၲေလးၿမိဳ႕သည္ ေကာင္းမြန္သည့္ လမ္းပန္း ဆက္သြယ္ေရးအေျခအေနေၾကာင့္ တ႐ုတ္ႏိုင္ငံ၊အိႏၵိယႏိုင္ငံႏွင့္တမူးဘက္သို႔ နယ္စပ္ကုန္သြယ္ေရး အခြင့္အလမ္းမ်ားရွိၿပီး ေဒသမွထြက္ရွိသည့္ ထုတ္ကုန္မ်ားအား ျပည္ပႏိုင္ငံမ်ားသို႔ တိုက္႐ိုက္တင္ပို႔ေရာင္းခ်ႏိုင္သည့္ အခြင့္အေရးမ်ားရွိသည္။

စီးပြားေရးႏွင့္ပတ္သက္၍ မႏၲေလးၿမိဳ႕သည္ ဗဟိုခ်က္မျဖစ္ၿပီး ႏိုင္ငံအဝန္းသို႔ ဆက္သြယ္ေရးႏွင့္သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား လြယ္ကူေခ်ာေမြ႕စြာေဆာင္႐ြက္ႏိုင္သည္။

လွ်ပ္စစ္ဓာတ္အားလုံေလာက္စြာ ရရွိေရးအတြက္လည္း ေခတ္အဆက္ ဆက္ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ကာ အဖ်က္အေမွာင့္လုပ္ငန္းမ်ားေၾကာင့္ လွ်ပ္စစ္ဓာတ္အားမ်ားလုံေလာက္စြာျဖန႔္ျဖဴးေပးႏိုင္မႈမရွိျခင္း၊စီမံကိန္းလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခ်ိန္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ အေႏွာင့္အယွက္ေပးမႈမ်ားရွိျခင္းတို႔ေၾကာင့္ လွ်ပ္စစ္စီမံကိန္းမ်ား ေဆာင္႐ြက္ရန္ေႏွာင့္ေႏွးမႈမ်ားျဖစ္ေပၚလ်က္ရွိသည္။

လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ရာတြင္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈအနည္းဆုံးျဖင့္ ထုတ္လုပ္ႏိုင္သည့္ ေခတ္မီနည္းလမ္းမ်ားရွိၿပီး အခ်ိဳ႕အဖြဲ႕အစည္းမ်ားမွ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈကိုအေၾကာင္းျပ၍ ႏိုင္ငံ၏လွ်ပ္စစ္ဓာတ္အား ထုတ္ လုပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္မႈမျပဳႏိုင္ရန္ ႏိုင္ငံေရးအရအသုံးခ်ေဆာင္႐ြက္လ်က္ရွိ၍ လွ်ပ္စစ္ဓာတ္အားလုံေလာက္စြာထုတ္လုပ္ႏိုင္မႈမရွိေသးျခင္းျဖစ္သည္။

မႏၲေလးတိုင္းတြင္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းကို ေဆာင္႐ြက္၍ရႏိုင္ၿပီး အစိုးရမွခြင့္ျပဳေပးသြားမည္။ LED မီးမ်ားကိုအသုံးျပဳျခင္းျဖင့္ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈအား ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ကာ မီတာခမ်ားသက္သာမည္ျဖစ္ၿပီး လိုအပ္သည့္ေနရာ၌ မီးသုံးစြဲမႈကို ပိုမိုအသုံးျပဳႏိုင္မည္ျဖစ္သည္။စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိသည့္ ဘိုင္အိုဂတ္စ္မ်ားမွလည္း လွ်ပ္စစ္ ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္းမ်ားကိုေဆာင္႐ြက္ႏိုင္၍ “လိုလွ်င္ ႀကံဆ နည္းလမ္းရ” ဟူသည့္အတိုင္း ေတြးေခၚႀကံဆ ေဆာင္႐ြက္ၾကရန္လိုသည္။

ႏိုင္ငံတစ္ခုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ GDP ကို စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း၊စက္မႈလုပ္လုပ္ငန္းနဲ႔ဝန္ေဆာင္မႈသုံးခုနဲ႔ တြက္ခ်က္ရပါတယ္ မႏၲေလးမွာ အဲဒီအခ်က္သုံးခုလုံး အားေကာင္းတယ္ စိုက္ပ်ိဳးေရးလုပ္ငန္းကိုအေျခခံတဲ့ SME လုပ္ငန္းေတြ ေဆာင္႐ြက္လို႔ရတဲ့ အေျခခံေကာင္းေတြရွိသလို ယဥ္ေက်းမႈၿမိဳ႕ေတာ္၊ေရွးေဟာင္းၿမိဳ႕ေတာ္ျဖစ္တာေၾကာင့္ ဘုရား၊ေက်ာင္းကန္ေတြ မ်ားစြာရွိၿပီး ဘာသာေရးဆိုင္ရာယဥ္ေက်းမႈေတြ ေရွးေဟာင္းအေဆာက္အဦးေတြနဲ႔ပတ္သက္တဲ့ ယဥ္ေက်းမႈအေမြအႏွစ္ေတြမ်ားစြာရွိပါတယ္ အဲဒီယဥ္ေက်းမႈအေမြအႏွစ္ေတြကို ထိန္းသိမ္းရင္းခရီးသြားေတြကိုဆြဲေဆာင္ၿပီး ခရီးသြားလုပ္ငန္းဝန္ေဆာင္မႈေတြ ပိုမိုတိုးတက္ေအာင္ ေဆာင္႐ြက္လို႔ရပါတယ္။

ႏိုင္ငံတိုင္းသည္ ကိုယ့္ႏိုင္ငံကိုယ္ႀကီးပြားတိုးတက္ေအာင္ေဆာင္႐ြက္ေနၾကၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားရွိသကဲ့သို႔ ဖြံ႕ၿဖိဳးမႈအနိမ့္က်ဆုံးႏိုင္ငံမ်ား၊စက္မႈထိပ္သီးႏိုင္ငံမ်ား G- 7 ၊ဖြံ႕ၿဖိဳးၿပီးစက္မႈႏိုင္ငံမ်ား OECD၊ မ်ားရွိသည္။ထိုသို႔ ေဆာင္႐ြက္ေနေသာႏိုင္ငံမ်ားအားလုံးရွိ အစိုးရအဖြဲ႕အစည္းမ်ားသည္ မိမိတို႔ႏိုင္ငံတိုးတက္ေစေရးဦးေဆာင္၍ ေဆာင္႐ြက္ေနၾကသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071