Sunday, June 14, 2026

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ...

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန်...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...
HomeNewsLocal Newsမန္တလေးမြို့ရှိ မကြာခဏလုယက်ခံနေရသည့် နေရာများကို...

မန္တလေးမြို့ရှိ မကြာခဏလုယက်ခံနေရသည့် နေရာများကို လုံခြုံရေး စောင့်ရှောက်မှုပေးရန်လို

မန္တလေးတိုင်းဒေသကြီးတွင် အိမ်ဖောက်ထွင်းမှု၊ ဆိုင်ကယ်လုယူမှုများ မကြာခဏ ဖြစ်ပွားခြင်းမျိုးရှိနေသောကြောင့် လုယက်ခံနေရသည့် နေရာများ၌ လုံခြုံရေး စောင့်ရှောက်မှုပေးရန် လိုအပ်ကြောင်း မြို့ခံတချို့က မှတ်ချက်ပြုနေကြသည်။

“ရေတံခွန်တောင် လမ်းသစ်တို့၊ ၅၈/၁၃၉ ကြားတို့ဆို တစ်ယောက်တည်းသွားဖို့ စဉ်းစားရတယ်နော်၊ လုံခြုံရေးလှည့်ကင်းတွေက အဲလိုနေရာတွေကို အချိန်အပိုင်းအခြားနဲ့ပတ်ပေးနေရင်တော့ တမျိုးတဖုံပြောင်းနိုင်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် မကြာခဏ ခိုးဆိုးလုယက်မှုများ ဖြစ်သည့် နေရာများသည် မန္တလေးတောင် အနီးဝန်းကျင်၊ သိပ္ပံလမ်းပေါ် (၆၆ လမ်း နှင့် ၇၃ လမ်းကြား)၊ ရေတံခွန်တောင်လမ်းသစ်၊ (၅၈) လမ်း(လမ်း ၁၁၀ မှ ၁၃၉ လမ်းကြား)၊ (၆၉) လ မ်းမှ (၇၃) လမ်း ကြားနှင့် (၁၀၁) လမ်းမှ (၃၅) လမ်းကြား စသည့် နေရာများ၌ ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ချမ်းမြသာစည်မြို့နယ် (၄၉) လမ်းနှင့် လမ်း(၅၀) ကြား၊ (၁၁၀) E လမ်းပေါ်တွင် သားအမိသုံးဦး ဆိုင်ကယ် စီးလာစဉ် အိမ်အနီးမှာပင် ဓားရှည်ကိုင်အမျိုးသားနှစ်ဦး၏ လုယက်ခြင်းခံခဲ့ရသည့် CC TV မှ မြင်ကွင်းသည် လူမှုကွန်ရက်တွင် ထင်ရှားသည်။

ထိုနည်းတူ မန္တလေးမြို့ရှိ အိမ်တအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့သည့် သူခိုးက ဖုန်းများကို ခိုးယူကာ မဖွယ်မရာပြုလုပ်နေသည့် CCTV မြင်ကွင်းကြောင့်လည်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ ပိုမိုရှိလာနေကြသည်။

ထို့ပြင် မြို့ရှောင်လမ်း ရေနီမြောင်းဘောင်တွင် အလုပ်မှပြန် လာသည့် သားအမိနှစ်ဦး၏ ဆိုင်ကယ်လုယူခံရခြင်း၊ ဖုန်းများ လုပြေးခြင်းများလည်း ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် မှုခင်း ဖြစ်ပွားတတ်သည့် နေရာအများစုကို လုံ ခြုံရေးပေးရန် မြို့ခံအချို့က မှတ်ချက်ပြုကြခြင်း ဖြစ်သ ည်။

ထိုကဲ့သို့ ဖြစ်စဉ်ကျူးလွန်သူများကို ဖြစ်စဉ်ဖြစ်ပွားပြီး ဖမ်းဆီးရမိခဲ့ခြင်း မျိုးရှိသော်လည်း တချို့ကိုမူ လက်ရှိအထိ ဖမ်းဆီးအရေးယူနိုင်ခြင်း မျိုးမရှိသေးကြောင်းလည်း သိရသည်။

သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် နီးစပ်သူအချို့ကမူ လုယက်မှု ဓားပြမှုများလျော့ကျစေရေးအတွက် စီစဉ်ဆောင်ရွက်နေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်နေသည်ဟု မှတ်ချက်ပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ ရှာဖွေတွေ့ရှိ၊ တနင်္သာရီကမ်းလွန်တွင် ၉၅ ထရီလီယံကုဗပေခန့်အထိ ထွက်ရှိနိုင်ခြေရှိ

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ရတနာ၊ ဇောတိက၊ ရွှေ နှင့် ရဲတံခွန် ကဲ့သို့သော ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း (၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်မှု လုပ်ငန်းများနှင့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများတွင် အဓိကမောင်းနှင်အားအဖြစ်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန် ၁၃ ရက်)က ထပ်မံရောက်ရှိခြင်း ဖြစ်ကာ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုထောက်ပံ့ရေးပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့် ဘော့စနီးယားတို့ တစ်ဂိုးစီ သရေကျ

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ သရေကျသွားခဲ့ကြောင်း Daily Mail ၏ ဖော်ပြချက်အရ သိရသည်။ ​အဆိုပါပွဲစဉ်ကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ဇွန်လ (၁၂) ရက်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၂၁)မိနစ်တွင် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းအတွက် ဦးဆောင်ဂိုးကို ဂျိုဗိုလူကစ်က ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သည်။ ​ပထမပိုင်းတွင် ကနေဒါအသင်းအနေဖြင့် ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုနှင့် ဘော့စနီးယားအသင်း၏ ခိုင်မာသည့် ခံစစ်ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071