မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ၌ ဗီဇာနှင့်ကောင်စစ်ရေးရာလုပ်ငန်းများကို ဇူလိုင် ၇ ရက်မှစတင်၍ ပြန်လည်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အသိပေးထုတ်ပြန်ခဲ့သည်။
ထိုသို့ လုပ်ဆောင်ပေးရာ၌ ကန့်သတ်ချက်များရှိ၍ ထိမ်းမြားလက်ထပ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ယာယီဆိုင်းငံ့ထားသော်လည်း အပတ်စဥ်တိုင်း၏ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိအား လျှောက်လွှာများလက်ခံပြီး မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိအား ကျသင့်ငွေလက်ခံခြင်းနှင့် သက်ဆိုင်ရာလက်မှတ်များထုတ် ပေးခြင်းများကိုပြုလုပ်ပေးသွားမည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် ကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ရေးရာကိစ္စများကို အသေးစိတ်သိရှိလိုပါက ရုံးတက်ရက်များ၏ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီခွဲအတွင်း ဖုန်း 0095-9401470875, 0095-2-2000251 နှင့် သီးသန့် အီးမေးလ်ဖြစ်သော [email protected] တို့သို့ဆက်သွယ်မေးမြန်းနိုင်သည်ဟု အသိပေးခဲ့သည်။
ထို့ပြင် နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားသက်သေခံလက်မှတ်များကို တရုတ်ကောင်စစ်ဝန် APP မှတဆင့်လျှောက်လွှာတင်ပြီး ကြိုတင်စာရင်းသွင်းရမည်ဖြစ်ကာ အသေးစိတ်အား https://mandalay.china-consulate.gov.cn/fwzc/lsfw/hzlxz/ ၊ ဗီဇာဆိုင်ရာလိုအပ်ချက်များအား https://mandalay.china-consulate.gov.cn/fwzc/lsfw/qzsx/202312/t20231218_11206345.htm ၊ Notarization နှင့် Certification ဆိုင်ရာလိုအပ်ချက်များအား https://mandalay.china-consulate.gov.cn/fwzc/lsfw/gzrz/ တို့တွင် အ သေးစိတ်ကြည့်ရှုလေ့လာနိုင်သည်ဟုလည်း အသိ ပေးခဲ့သည်။
