မန္တလေးမြို့တွင် သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်နေသူ(၅)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် လုယက်မှုကျူးလွန်မှုများမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် မျိုးထွန်းနိုင်(ခ) အရှည်ကြီး(၄၆)နှစ်၊ ကျော်မျိုးသူ(ခ)အောင်ပု (၄၁)နှစ်၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ရွှေထည်ပစ္စည်းများကိုရောင်းချပေးသူ ဒေါ်ထွေးတင် (၅၃)နှစ်၊ လုယက်မှုကျူးလွန်ရာ၌ပူးပေါင်းပါဝင်သူ များဖြစ်သည့် ဇေယျာထွန်း(ခ)ဖိုးဆယ်(၂၉)နှစ်နှင့် အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ)အောင်ထွန်း (၂၉)နှစ်တို့အား မေ ၂၁ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ လုယက်မှုကျူးလွန်ခဲ့ကြသည့် ဖြစ်စဥ်များနှင့် ရရှိလာသည့်ရွှေထည်ပစ္စည်းများကို နဝလီရွှေဆိုင်များတွင်ရောင်းချပြီး ငွေကြေးများအားခွဲဝေသုံးစွဲခဲ့ကြောင်းတို့ကို ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ဖြစ်စဉ်များတွင်လုယက်ယူဆောင်သွားခဲ့သည့် သက်သေခံပစ္စည်းများအား ပြန်လည်သိမ်း ဆည်း၍ နစ်နာသူပိုင်ရှင်များထံပြန်လည်ပေးအပ်နိုင်ရေး၊ ဖမ်းဆီးရမိသူ(၅)ဦးအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။