မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလဖက်ရည်ဆိုင်တွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်နေ့) နံနက် ၇ နာရီ ၄၁ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၅၈လမ်း၊ ၁၀၁ လမ်းနှင့် ၄၃ လမ်းကြားတွင်ဖွင့်လှစ်ထားသော ပေါက်ကျိုင်းလဖက်ရည်ဆိုင်မီးလောင်မှုကြောင့် Level 1 ယာဥ်အုပ်စုထွက်ခွာကာ မီးငြိမ်းသက်ခဲ့ရကြောင်း သိရသည်။
ထို့နောက် မီးငြိမ်းသတ်ရေးအဖွဲ့ က အချိန်မီဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၅၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လဖက်ရည်ဆိုင်တစ်ဆိုင်လုံး မီးလောင်ကျွမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။
Photo – Myanmar Fire Service Department
