ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့သည် ယနေ့ နိုဝင်ဘာ ၂ ရက်နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ထို့နောက် မန္တလေးတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မန္တလေးမြို့၏ ယဉ်ကျေးမှုအမွေအနှစ်နေရာများဖြစ်သည့် မြနန်းစံကျော်ရွှေနန်းတော်၊ ကုသိုလ်တော်ဘုရား၊ ရွှေနန်းတော်ဘုန်းကြီးကျောင်းတို့ကို လေ့လာဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေသို့သွားရောက်၍ ပုဂံရှေးဟောင်း သုတေသနပြတိုက်၊ ရွှေစည်းခုံစေတီတော်ကြီး၊ အာနန္ဒာဘုရားကြီး ၏ အနုလက်ရာများနှင့် ထီးလိုမင်းလိုဘုရားများ၊ နန်းမြင့်မျှော်စင်၌ ပုဂံဒေသနေဝင်စည်းဆာအလှတို့ကိုကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း ယွန်းထည်လုပ်ငန်းနှင့် ယွန်းအရောင်းဆိုင်ရှိ မြန်မာ့ရိုးရာယွန်းလက်မှု့ပစ္စည်းများကိုလည်း ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
