Thursday, April 2, 2026

စင်ကာပူ၏ အေအိုင်ကဏ္ဍတွင် မိုက်ခရိုဆော့ဖ်က ဒေါ်လာ၅.၅ဘီလျံ...

စင်ကာပူ၊ ဧပြီလ ၂ ရက် မိုက်ခရိုဆော့ဖ် ကုမ္ပဏီသည် စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ ကလောက်ဒ်နှင့် အေအိုင် အခြေခံအဆောက်အဦးများကိုတိုးချဲ့ရန်အတွက် ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၅.၅...

ဗင်နီဇွဲလားယာယီသမ္မတကို ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ရုပ်သိမ်း

ဧပြီလ ၂ ရက် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီ‌ဂေးအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး၏...

ထရမ့်ပ်က အီရန်စစ်ပွဲမှ အကွက်လှလှ ဖြင့်နောက်ဆုတ်ခဲ့

ဝါရှင်တန်--နိုင်ငံတကာဈေးကွက်နှင့် တစ်ကမ္ဘာလုံးသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ရုတ်ခြည်း လမ်းကြောင်း ပြောင်းပြန်လှန်မှုများနှင့် ကျင့်သားရလာခဲ့ကြသော်လည်း တနင်္လာနေ့တွင် အီရန်စစ်ပွဲမှ နောက်ဆုတ်သည့် လုပ်ကွက်မှာမူ...

ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တည်ဆောက်ပြီး၍ ရေများစမ်းသပ်ပက်ဖြန်း

လာမည့် ဧပြီ ၁၃ ရက်တွင်ကျရောက်မည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသ င်္ကြန်ပွဲတော်ဆင်နွှဲရန် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကို ရန်ကုန်မြို့ တော်ခန်းမရှေ့တွင်တည်ဆောက်ပြီးစီးပြီဖြစ်၍ ရေပိုက်များဖြင့်စမ်းသပ်ပက်ဖြန်းနေသည့် မြင်ကွင်းပုံရိပ်များ- (ရန်ကုန်မြို့၌ သင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်အဖြစ်စည်ကားသိုက်မြိုက်စွာကျင်းပရန်ဆောင်ရွက်လျက်ရှိသည်။)
HomeNewsLocal Newsမန္တလေးမြို့က " ပိုသူလှူလိုသူကူ"...

မန္တလေးမြို့က ” ပိုသူလှူလိုသူကူ” ဆိုတဲ့ Food Box

နိုင်ငံအတွင်းမှာ အထွေထွေအကြပ်အတည်းဆိုက်ရောက်နေတဲ့ကာလအပြင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ မန္တလေးမြို့မှာ “ပိုသူလှူ လိုသူကူ”ဆိုတဲ့ Food Box အစီအစဉ်တစ်ခု ပြန်လည်ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်ကာလမတိုင်မီ ၂၀၁၉ ခုနှစ် ကာလတူလအတွင်း အများပြည်သူသွားလာရာ နေရာစုံမှာ Food Box အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် (၆)နှစ်ကြာကာလအတွင်း ခတ္တပျေ-ာက်ကွယ်ရာကနေ ပြန်လည် ထွက်ပေါ်လာတာဖြစ်ပါတယ်။

အခုလို ” ပိုသူလှူ လိုသူကူ”Food Box အစီအစဉ်ကို ပြန်လည်အသက်သွင်းလိုက်သူက မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းမှာ Food Box ကို စတင်ပုံဖော်ပေးခဲ့တဲ့ မန္တလေးမြို့သား ပရဟိတသမား ကိုဝမ်း (ခ)ဦးစိုင်းနေမျိုးမောင်မောင် ဖြစ်ပါတယ်။

“ဒီ Food Box ကိုကျွန်တော်စလုပ်ခဲ့တာပေါ့။ အခု ၂၀၂၅ ဇွန်လမှာ ခြောက်နှစ်ပြည့်ခဲ့တာပေါ့။ အခုကလည်း လိုသူတွေကူပြီး ပိုသူတွေနိုင်သလောက် လှူလို့ရအောင် ပြန်လုပ်တာပါ။ မရှိသူတွေအခက်အခဲဖြစ်သူ‌တွေအတွက်ကူလာနိုင်အောင် ပြန်နှိုးဆော်လိုက်တဲ့သဘောပါ။” လို့ သူက ဆိုပါတယ်။

သူ့အနေနဲ့ ” ပိုသူလှူ လိုသူကူ” Food Box ကို လုပ်ချင်သူတွေအတွက် အကြံဉာဏ်ပေးတာတွေ ပူးပေါင်းလုပ်ဆောင်တာမျိုးတွေရှိမယ်ဆိုရင်လည်း ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

လတ်တလော မန္တလေးမြို့မှာ Food Box တွေကို အခြေအနေအရ အများပြည်သူသွားလာရာနေရာမျိုးစုံမှာ မထားနိုင်ပေမယ့် သူဈေးရောင်းချရာ မန္တလေးမြို့ ၄၂လမ်း ၆၇-Aထောင့်က ONE ONE Electric City ဆိုင်ရှေ့မှာပြန်လည်အသက်သွင်းလုပ် ဆောင်လာတာဖြစ်ပါတယ်။

တစ်ရက်ကို မနက်(၈)နာရီကနေ ည(၈) နာရီအထိ မုန့်မျိုးစုံအပြင် အချိုရည်ဘူးတွေကို ထားပေးရာမှာ လိုတဲ့လူ (၂၀) ကျော်လောက် လာယူစားသောက်ကြတာမျိုးရှိနေတယ်လို့ဆိုပါတယ်။

“ဒါကောင်းတဲ့အစီအစဉ်ပါ၊ အဆာပြေပေါ့။ ရှိတဲ့သူတွေရှိပေမယ့် မရှိတဲ့သူက အဆာပြေ‌လေး စားဖို့တောင်မရှိတဲ့သူတွေအတွက် ဒါနတစ်ခုပေါ့။ ဒီလိုအစီအစဉ်များများထွက်လာရင်ကောင်းပါတယ်။ တစ်ခုက စည်းကမ်းရှိဖို့ပါဘဲ”လို့
မန္တလေးဒေသခံတစ်ဦးက ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ လူတန်းစားအလွှာ အသီးသီးထိခို-က်ဆုံးရှုံးမှုတွေရှိတဲ့အပြင် စားသောက်ရေးခက်ခဲသူတွေအတွက် အဆာပြေစားသောက်နိုင်ဖို့ တောင်းရမ်းစရာမလိုဘဲ အဆင်သင့်ယူပြီး စားသောက်နိုင်တဲ့ ကာလဒါနအလှူတစ်ခုဖြစ်တယ်လို့ ကိုဝမ်း(ခ)ဦးစိုင်းနေမျိုးမောင်မောင်က ဆိုပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူ၏ အေအိုင်ကဏ္ဍတွင် မိုက်ခရိုဆော့ဖ်က ဒေါ်လာ၅.၅ဘီလျံ ရင်းနှီးမြှုပ်နှံမည်

စင်ကာပူ၊ ဧပြီလ ၂ ရက် မိုက်ခရိုဆော့ဖ် ကုမ္ပဏီသည် စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ ကလောက်ဒ်နှင့် အေအိုင် အခြေခံအဆောက်အဦးများကိုတိုးချဲ့ရန်အတွက် ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ ကြာမြင့်မည့် အဆိုပါရင်းနှီးမြှုပ်နှံမှုသည် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းလည်ပတ်မှု၊ ဆိုင်ဘာလုံခြုံရေးနှင့် စီမံအုပ်ချုပ်မှု ကဏ္ဍများကို အထောက်အကူပြုမည်ဖြစ်ကြောင်း အဆိုပါ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ငွေလုံးငွေရင်း မြှုပ်နှံမှုနှင့်အတူ မိုက်ခရိုဆော့ဖ်သည် ပညာရေး၊ လုပ်သားအင်အားနှင့် လူမှုရေးကဏ္ဍများတွင် အေအိုင် ကျွမ်းကျင်မှုများက...

ဗင်နီဇွဲလားယာယီသမ္မတကို ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ရုပ်သိမ်း

ဧပြီလ ၂ ရက် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီ‌ဂေးအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုများ ကိုရုပ်သိမ်းပေးခြင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက် နေ့က ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်တွင် သမ္မတဟောင်း နစ်ကလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို အမေရိကန်စစ်တပ်က ဖမ်းဆီးပြီးနောက်ပိုင်း ရိုဒရီ ဂေးကို တရားဝင်အာဏာပိုင်အဖြစ် အမေရိကက နောက်ဆုံးအသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။ မာဒူရိုနှင့် ၎င်း၏ဇနီးတို့သည် လက်ရှိတွင်...

ထရမ့်ပ်က အီရန်စစ်ပွဲမှ အကွက်လှလှ ဖြင့်နောက်ဆုတ်ခဲ့

ဝါရှင်တန်--နိုင်ငံတကာဈေးကွက်နှင့် တစ်ကမ္ဘာလုံးသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ရုတ်ခြည်း လမ်းကြောင်း ပြောင်းပြန်လှန်မှုများနှင့် ကျင့်သားရလာခဲ့ကြသော်လည်း တနင်္လာနေ့တွင် အီရန်စစ်ပွဲမှ နောက်ဆုတ်သည့် လုပ်ကွက်မှာမူ သူ၏ အလှပဆုံး အံ့မခန်း လုပ်ကွက် ဖြစ်သည်။ ယမန်နှစ် အာဏာရလာချိန်မှစ၍ ထရမ့်ပ် သည် "အာရုံသိဖြင့်အုပ်ချုပ်ခြင်း" ကို ပွင့်ပွင့်လင်းလင်း လုပ်‌ဆောင်ခဲ့သည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခတွင် သူသည် ပန်းတိုင်များ၊ အချိန်ဇယားများနှင့်ပတ်သက်သည့် အမြီးအမောက်မတည့်သော စကားများကို အလုံးအရင်းဖြင့်ပြောပြီး မတ်လ ၁၃ ရက်နေ့မှာ စစ်ပွဲအဆုံးသတ်တော့မည်ဟု စိတ်အထင်ဖြင့် ကြေညာခဲ့သည်။ ထရမ့်ပ်သည် ခုတမျိုး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071