ပြီးခဲ့သည့် မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အင်အားပြင်း ငလျင်လှုပ်ခတ်အပြီး တစ်လနီးပါးအကြာ ယမန်နေ့ မတ်လ(၂၇)ရက် ည (၁၀)ကျော်အချိန်က အင်အားမဂ္ဂနီကျူ ၄.၄ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု မန္တလေးမြို့တွင် ထပ်မံလှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုအတွက် မန္တလေးဒေသခံတစ်မြို့လုံးနီးပါး လမ်းပေါ်သို့ပြေးထွက်ခဲ့ရကြောင်းနှင့် ယင်းငလျင်လှုပ်ခတ်မှုသည် အင်အားပြင်းထန်ပြီး အိမ်တွင်းပစ္စည်းအချို့ ယမ်းခါသွားသည်အထိ ဖြစ်ပွားခဲ့သည်ဟု မန္တလေးဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“လှုပ်တာက တော်တော်ကြမ်းတယ်။ အိပ်ယာထဲလှဲနေရင်းနဲ့ ဒုန်းဆိုတဲ့အသံကြားပြီး လှုပ်တာ၊ ဆွဲခါလိုက်သလိုဘဲ” ဟု ၎င်းက ဆိုသည်။
ယင်း ငလျင်လှုပ်ခတ်မှုအတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်းကြားမှု ဦးစီးဌာနက မန္တလေးမြို့၏ အရှေ့မြောက်ဘက်(၉) မိုင်ခန့်တွင် ဗဟိုပြု၍ အနက်(၂၆) ကီလိုမီတာ၌ လှုပ်ခတ်ခဲ့သည်ဟု အသိပေးထားသည်။
အလားတူ ယနေ့ ဧပြီ(၂၈)ရက် နံနက်ပိုင်းတွင်လည်း ရေတာရှည်မြို့၏ အနောက်မြောက်ဘက်(၂၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ အနက် (၅) ကီလိုမီတာ၌ အင်အားပမာဏ ၄.၀ရစ် (ခ်)တာစကေးရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ သေးသည်။
မန္တလေးနှင့် စစ်ကိုင်း၊ နေပြည်တော်အပါအဝင် ဒေသအချို့ကို ပျ-က်စီးမှုများစေခဲ့သည့် အင်အား ၇.၇ အဆင်ရှိ အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ပြီး တစ်လပြည့်သည့်အထိ နောက်ဆက်တွဲငလျင် (၁၅၈) ကြိမ် လှုပ်ခတ်ခဲ့သည်ဟု မိုး/ဇလ၏ မှတ်တမ်းများအရ သိရသည်။