မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။
လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ တိုင်းတာရေနှင့် မြေပုံရေး ဆွဲရေး ကိစ္စများကို ကနဦးလေ့လာမှတ်သားခြင်း၊ ပဏာမတိုင်းတာခြင်းများကို လုပ်ဆောင်နေသည့် offroad အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
ထို့ပြင် TSBM အဖွဲ့အနေဖြင့် တပ်ကုန်း-စစ်ကိုင်း- မင်းကွန်းဒေသများအတွက် ပညာရေးအကူအညီပေးမည့်အဖွဲ့ အပါအဝင် ငလျင်ကွဲကြောင်းတလျှောက် မှတ်ငုတ်များ ရိုက်သွင်းခြင်း ၊ Ground control point များ တည်ဆောက်ခြင်း၊ မှတ်ငုတ်များကို RTK base station ထိုင်ကာ တိုင်းတာရေး ဆိုင်ရာများဆောင်ရွက်ခြင်း၊ မှတ်ငုတ်နှင့် GCP များ၊ RTK base station များကို ဆက်စပ်ကာ အပြီးသတ် တိုင်းတာရိုက်ကူးရေးကိစ္စများဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။
TBSM အဖွဲ့သည် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေတွင် တည်ရှိသောတိပိဋကနိကာရ ကျောင်းတော်ကြီးအား စက်ယန္တယားအပါအဝင် ပညာရှင်အားများဖြင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
