Home News Local News မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများဆန္ဒမဲပေး

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများဆန္ဒမဲပေး

0
149

ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပသည့် ရွေးကောက်ပွဲအား မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက သတ်မှတ်မဲရုံအသီးသီးတွင် ဆန္ဒမဲများပေးခဲ့ကြသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ (အနောက်) ရပ်ကွက်ရှိ မဲရုံအမှတ် (၁) ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးသည် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဲရုံအမှတ် (၇) ၊ မြို့တော်ဝန်ဦးကျော်ဆန်းသည် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ မဲရုံအမှတ် (၃) တို့၌ မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ဆန္ဒမဲများပေးခဲ့ကြသည်။

ထို့ပြင် မန္တလေးတိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်ဇနီးသည် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ မဲရုံအမှတ် (၂) ၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် မိသားစုတို့သည် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ မဲရုံအမှတ် (၁) ၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် မိသားစု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်ဇနီးသည် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ မဲရုံအမှတ် (၂) တို့တွင် မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ဆန္ဒမဲများပေးခဲ့ကြသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here