မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို လာမည့်အောက်တိုဘာလ (၄)ရက်တွင် စည်ကားသိုက်မြိုက်စွာဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အား နိုင်ငံတော်အဆင့်ကျင်းပမည်လည်းဖြစ်ကာ ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီများ၊ မြို့မိ/မြို့ဖများ၊ ကျောင်းသား/ကျောင်းသူဟောင်းများနှင့် တာဝန်ရှိသူအားလုံးအနေဖြင့် ဝန်ကြီးဌာနမှချမှတ်ထားသည့် လုပ်ငန်းစဉ် (၂၅)ချက်ဖြင့် အောင်မြင်ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟုလည်း သိရသည်။
မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် အကြိုပွဲတော် အခမ်းအနားကိုလည်း မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်အင်ဂျင် နီယာအဆောက်အဦး (အုတ်တိုက်နီ)ရှေ့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၄) ရက်က ကျင်းပပြီးခဲ့ကြောင်း သိရသည်။
မန္တလေး တက္ကသိုလ်သည် ၁၉၂၅ ခုနှစ် ဇူလိုင်လ (၄) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ် ၂၀၂၅ ခုနှစ် ဇူလိုင် (၄)ရက်နေ့တွင် နှစ် (၁၀၀) ပြည့်ခဲ့ပြီလည်း ဖြစ်သည်။
သို့သော်၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မအဆောက်အအုံထိခို-က်မှုများပြီး မီးလေ-ာင်ခဲ့ရကာ အခြားအဆောက်အဦးများလည်းထိခို-က်ခဲ့ပြီး လက်ရှိတွင် ပင်မအဆောက်အအုံကြီးအား ပြင်ဆင်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
