(Unicode)
မန္တလေးကျောက်ဝိုင်းအနီး ပေါက်ကွဲမှုဖြစ်ပြန်
ယနေ့ နိုဝင်ဘာ ၅ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းအနီးပေါက် ကွဲမှုတစ်ရပ်ဖြစ်ခဲ့သည်။
အောက်တိုဘာ၁၉ ရက်ကတစ်ကြိမ်၊ နိုဝင်ဘာ ၄ရက် မနက်၆နာရီခွဲက တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့သည့် မန္တလေးကျောက်ဝိုင်းအတွက် ယခုတစ်ကြိမ်သည် တတိယအကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ခဲ့သည်။
တတိယအကြိမ်မြောက်ပေါက်ကွဲမှုသည် ၃၈လမ်း၊၈၇လမ်းနှင့်၈၈လမ်းကြား အနားတွင်ဖြစ်သည်။
ယမန်နေ့က ဖြစ်ခဲ့သော ဒုတိယအကြိမ်ပေါက်ကွဲမှုတွင် ရဲအချို့ထိခိုက်သေဆုံးမှု ဖြစ်ခဲ့ပြီး ယခုတတိယအကြိမ်ပေါက်ကွဲမှုနှင့်စပ်လျဉ်းပြီး ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးပေ။
(Zawgyi)
မႏၲေလးေက်ာက္ဝိုင္းအနီး ေပါက္ကြဲမႈျဖစ္ျပန္
ယေန႔ ႏိုဝင္ဘာ ၅ရက္ေန႔ ေန႔လယ္ပိုင္းက မႏၲေလးၿမိဳ႕ မဟာေအာင္ေျမေက်ာက္ဝိုင္းအနီးေပါက္ ကြဲမႈတစ္ရပ္ျဖစ္ခဲ့သည္။
ေအာက္တိုဘာ၁၉ ရက္ကတစ္ႀကိမ္၊ ႏိုဝင္ဘာ ၄ရက္ မနက္၆နာရီခြဲက တစ္ႀကိမ္ ေပါက္ကြဲမႈျဖစ္ခဲ့သည့္ မႏၲေလးေက်ာက္ဝိုင္းအတြက္ ယခုတစ္ႀကိမ္သည္ တတိယအႀကိမ္ေျမာက္ ေပါက္ကြဲမႈျဖစ္ခဲ့သည္။
တတိယအႀကိမ္ေျမာက္ေပါက္ကြဲမႈသည္ ၃၈လမ္း၊၈၇လမ္းႏွင့္၈၈လမ္းၾကား အနားတြင္ျဖစ္သည္။
ယမန္ေန႔က ျဖစ္ခဲ့ေသာ ဒုတိယအႀကိမ္ေပါက္ကြဲမႈတြင္ ရဲအခ်ိဳ႕ထိခိုက္ေသဆုံးမႈ ျဖစ္ခဲ့ၿပီး ယခုတတိယအႀကိမ္ေပါက္ကြဲမႈႏွင့္စပ္လ်ဥ္းၿပီး ထိခိုက္ေသဆုံးမႈရွိ၊မရွိ မသိရေသးေပ။