မင်းလှမြို့သို့ လစာလာထုတ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကျေးရွာ အုပ် ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူမှာ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ပေပင်တန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်း ဆိုသူ ဖြစ်ပြီး ယမန့ ဇူလိုင်လ (၂၉) ရက် နံနက်ပိုင်းက ပစ်ခတ် ခံရခြင်း ဖြစ် ကြောင်း သိရသည်။
” လစာ လာထုတ်ရင်း လမ်းမှာ ပစ်ခံရတာလို့ ကြားတာပဲ။ သေသေချာချာတော့ မသိဘူး ။ သေတာတော့ သေပြီလို့ ကြားတယ်” ဟု မင်းလှမြို့ခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
သေဆုံးသူ ဦးစိန်ဝင်းသည် ယနေ့ ဇူလိုင်လ (၂၉) ရက် နံ နက်ပိုင်းက မင်းလှမြို့ပေါ်သို့ လစာ လာရောက်ထုတ်ယူစဉ် ကြို့ကုန်း တာဆုံအနီးဝင် ဒေသကာကွယ်ရေးအဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကို သာယာဝတီခရိုင် ကာကွယ်ရေးအဖွဲ့ ဒေါင်းလေးအဖွဲ့မှ ဇေယျာသော်စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။