ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲအောင်စာရင်းများအရ မကွေးတိုင်း၊ မင်းဘူး(စကု) မြို့နယ်မှ နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်မှ နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူသည် “ပညာအလင်းရောင်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မင်းဘူး(စကု)မြို့နယ်မှ ကျောင်းသား/သူ(၁,၁၉၅)ဦးရှိပြီး အောင်မြင်သူ(၆၈၄)ဦးရှိခဲ့ကာ ယင်း အနက် (၅)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၃၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၃၉)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၈၆)ဦးထွက်ပေါ်ခဲ့ကြောင်း သိရသည်။
