
သရုပ်ဆောင်မင်းသွေးက မိသားစုကို ချစ်မြတ်နိုးသူ တစ်ဦးဖြစ်ပြီး မိဘအပေါ်လည်း သိတတ်နားလည်တဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ထက် သူတစ်ပါး အပေါ် ဦးစားပေး၊ အနစ်နာခံသူဖြစ်လို့ မိသားစုဝင်တွေကလည်း ပိုလို့အချစ်တိုးရပါတယ်။ သူမကွယ်လွန်ခင်မှာလည်း မိဘနှစ်ပါးနဲ့ပတ်သက်ပြီး ဆန္ဒလေးတစ်ခု ရှိခဲ့ပါတယ်။ သားဖြစ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ့် မိခင်ဒေါ်သန်း မြိုင်က-
”ညီလေးငယ်က မိဘတွေကို သူ့လုပ်အားခနဲ့ ဗုဒ္ဓဂယာပို့မယ်လို့ ပြောထားတယ်။ သူ့ဆန္ဒလေးပြည့်သွားအောင် ထွန်းထွန်းအမေနဲ့ ဒီဇင်ဘာလလောက် သံဝေဇနိယ ၄ ဌာနကို သွားဖို့စီစဉ်နေတယ်။ သူစီးနေတဲ့ကားလေးလဲပါဆိုတာတောင်မလဲဘူး။ သူ့ ပိုက်ဆံနဲ့မှ သူလုပ်ချင်တာ” လို့ မိခင်ဖြစ်သူက သားရဲ့ ဆန္ဒကို ပြောပြခဲ့ပါတယ်။
ခိုင်ဝေလွင်
