Friday, September 18, 2026

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...
HomeCelebrities' Newsမင်းသွေးအတွက်အနုပညာရှင်တို့ရဲ့ဝမ်းနည်းစကားသံများ

မင်းသွေးအတွက်အနုပညာရှင်တို့ရဲ့ဝမ်းနည်းစကားသံများ

သရုပ်ဆောင် တေးသံရှင် မင်းသွေးက ပျော်ပျော်နေတတ်ပြီး အနုပညာလောကမှာ လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရတဲ့ မင်းသွေးအတွက် အနုပညာရှင်တွေလည်း နှမြောတသစွာနဲ့ စိတ်မကောင်းဖြစ်နေကြပါတယ်။ မင်းသွေးအတွက် အနုပညာလောကသားတွေရဲ့ ဝမ်းနည်းစကားသံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကိုပေါက်

ကျွန်တော် ဖေ့စ်ဘွတ်ခ်ဖွင့်လိုက် တော့ ယုန်လေး တင်ထားတာရော ကျော်ကျော်တင်ထားတာရော တွေ့ တော့ သူတို့ဆီ Messenger ကနေ လှမ်းမေးလိုက်တော့ ကျော်ကျော်က ငိုသံကြီးနဲ့ မင်းသွေး အဲဒီလိုပဲ ဖြစ် သွားတယ်လို့ပြောတော့ ကျွန်တော့် ရင်ထဲမှာ ဆို့သွားတယ်။ တော်တော် လေးကို ခံစားရတယ်။ နေ့မြင်ည ပျောက်ဆိုသလိုပဲဖြစ်သွားတဲ့အတွက် သံဝေဂလည်းရတယ်။ သူ့အတွက် လည်း တအားစိတ်မကောင်း ဖြစ်မိ တယ်။ ကုသိုလ်တွေ အများကြီး လုပ် ထားတဲ့အတွက် သူ့အတွက် အေး ချမ်းမှာပါ။

လူမင်း

မင်းသွေးဆိုတာလည်း ကျွန် တော်တို့ရဲ့ ညီပါပဲ။ ကျွန်တော်တို့က နေတိုးနဲ့သာ အလုပ်တွေအတူလုပ်ပြီး အထိအတွေ့များပေမယ့် ဘောလုံး ကန်ရင်ပဲဖြစ်ဖြစ်၊ နေတိုးနဲ့ပဲဖြစ်ဖြစ်အမြဲတမ်းတွေ့မြင်နေရတော့ ကိုယ့် ညီလိုပဲ။ ဒီလိုမျိုးဖြစ်သွားတော့ စိတ် မကောင်းဘူး။ ဖြစ်လည်း မဖြစ်စေ ချင်ဘူး။ ဒါပေမဲ့လည်း စိတ်မကောင်း ရုံကလွဲလို့ ဘာမှလုပ်ပေးလို့ မရတော့ ဘူး။ သူက အနုပညာနဲ့ ပတ်သက်ရင် အဆိုဘက်မှာရော သရုပ်ဆောင် ဘက်မှာရော ထူးချွန်တဲ့ကလေးပါ။သူက နာမည်ကြီးမင်းသား တစ် ယောက်ရဲ့ ညီမို့လို့ဆိုပြီး မော်မော် ကြွား ကြွားထောင်ထောင်လွှားလွှား ရှိတဲ့ ကလေးမဟုတ်ပါဘူး။ ဒီလို လူတစ်ယောက်ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။

ထူးခြား

ညဘက် ကျွန်တော် တစ်ရေး နိုးတယ်။ အခန်းပြင်ထွက်ပြီး ဖုန်း ပြန်ယူကြည့်တယ်။ ဖုန်းယူကြည့်တော့ အဲဒီသတင်းကြီးတွေ့လိုက်တယ်။ ဖြစ်ချင်တော့ ကျွန်တော်က မနက်က ရှုတင်မှာ အင်တာနက်သုံးတော့ သူ Live လွှင့်တဲ့အချိန်နဲ့ တွေ့လို့ စကား တွေ ဘာတွေပြောလိုက်သေးတယ်။မနက်ကပဲ ကျွန်တော်နဲ့စကားပြော လိုက်တယ်။ ညတစ်ရေးနိုးတော့ ဆုံး သွားပြီဆိုတော့ ကျွန်တော်လည်း သိပ်မခံစားနိုင်ဘူး။ ကျွန်တော်နဲ့ အများကြီးလည်း မဆုံဖူးပါဘူး။ ဆုံဖူး တဲ့ အချိန်ခဏလေးမှာပဲ သူက စိတ် ဓာတ်လေးလည်း တအားကောင်း တယ်။ ဒီလိုမျိုးဖြစ်သွားတော့ တော် တော်စိတ်ထဲနေလို့ မရဘူးဖြစ်နေတယ်။

ချောရတနာ

အစ်မတို့ ဒီသတင်းတွေ့တွေ့ ချင်း စိတ်ထဲတော်တော်တုန်လှုပ်သွား ခဲ့တယ်။ ပြီးတော့ ကောလာဟလပဲ ဖြစ်ပါစေလို့ ဆုတောင်းတာပေါ့။ တ ကယ်ကြီးဖြစ်သွားတဲ့အတွက် တအား ဝမ်းနည်းမိတယ်။ အစ်မက မိခင်ဖြစ် သွားတော့ အရီးကိုကိုယ်ချင်းစာတယ်။

ဇာနည်

ညက မြင့်မြတ် ကျွန်တော့်ကို ဖုန်းလှမ်းဆက်တယ်။ အစ်ကို စိတ် အေးအေးထားပြီး နားထောင် မင်း သွေးဆုံးသွားပြီလို့ ပြောတယ်။ မနက် နိုးလာကတည်းက အခုချိန်ထိ မယုံ နိုင်သေးဘူး။ ပြီးတော့ သူက ကျန်း မာရေးလည်း အမြဲလိုက်စားတယ်။ Gym တွေလည်း ကစားတဲ့သူတစ် ယောက်က ဒီလိုကြီးဖြစ်သွားတော့ မယုံနိုင်ဘူး။ ကျွန်တော်တို့တောင်မှ ဒီလောက်ခံစားနေရရင် သူ့မိသားစု ဆို ပိုပြီးတော့ ခံစားရမှာပေါ့။

ကျော်ကျော်ဗို

ကျွန်တော့်ကို မင်းသွေးဆုံးပြီလို့ ပြောတော့ စနေတာပဲထင်တယ်။ ပြီး မှ မင်းသွေးဖုန်းကို ဆက်လိုက်မှ ကောင်လေးတစ်ယောက်ကိုင်ပြီး ဟုတ်တယ်။ ကိုမင်းသွေးဆုံးသွားပြီ ဆိုပြီးပြောတော့ ရင်ထဲတော်တော် ဆို့ တက်သွားတယ်။ သူအနုပညာကိုလုပ် ချင်တဲ့ စိတ်က အရမ်းထက်သန်တယ်။အလုပ်တွေဘာတွေဆိုလည်း တိုင်ပင် တယ်။ သူဒီလိုမျိုး ဖြစ်သွားတော့ တော်တော်တော့ ရှော့ခ်ဖြစ်ခဲ့တယ်။

ရွှေသမီး

အခုလို ရုတ်တရက်ကြီး လူ့ဘဝ ကနေ ထွက်ခွာသွားတာ တော်တော် လေးစိတ်မကောင်းဖြစ်ရတယ်။ ကိုယ် တောင်မှ ဒီလိုဖြစ်နေရင်မိသားစုဆိုဘယ်လောက်တောင်ပူဆွေးရမလဲ။သူနဲ့ဇာတ်ကားတွေလည်း ရိုက်ထား တာ အများကြီးရှိခဲ့တယ်။ သူနဲ့ ရိုက် ထားတဲ့ ကားရုံတင်ရင်သွားတောင် မကြည့်ချင်တဲ့ စိတ်ဖြစ်မိတယ်။ ကို မင်းသွေး ကောင်းရာမွန်ရာရောက် ပါစေလို့ ဆုတောင်းပေးပါတယ်။

ခန့်စည်သူ

ဒါလူတိုင်း မလွဲမသွေကြုံရမှာ ပေါ့။ လူ့ဘဝဆိုတာကတော့ မသေ ချာမရေရာဘူးပေါ့။ မသေချာမရေရာ တဲ့ လူ့ဘဝထဲမှာ သေချာရေရာတာ ကတော့ သေခြင်းတရားပဲ။ လူတိုင်း လူတိုင်း ကြုံတွေ့ရမှာပဲ။ ဒါပေမဲ့ ညီ လေး မင်းသွေးကတော့ အကြွေစော လွန်းပါတယ်။

ထွန်းအိန္ဓြာဗို

တအားအံ့သြပါတယ်။ ဖေ့စ် ဘွတ်ခ်မှာ စတွေ့လိုက်တော့ ယုံ လည်း မယုံဘူး။ ကလေးက အား ကစားသမားလည်းဖြစ်တော့ တော် တော်ကျန်းကျန်းမာမာနဲ့ဆိုတော့ မကျန်းမာမှ သေဆုံးနိုင်တာ မဟုတ် ဘူး။ ကိုယ့်ရဲ့ မသိလိုက်တဲ့ အနေ အထားလေးတစ်ခုကြောင့်လည်း အ သက်ဆုံးရှုံးနိုင်တယ်ဆိုတာ အားလုံး အတွက် သင်ခန်းစာလည်း ရတယ်။ ကျွန်မတော့ ဖြစ်စေချင်တာ ဒီလိုမျိုး တအားမောဟိုက်နေတဲ့အချိန်မှာ ရေ ခဲရေကို နှစ်နှစ်ခြိုက်ခြိုက်ကြီး သောက်လိုက်တယ်ဆိုတဲ့ အနေ အထားမျိုးမှာ ခန္ဓာကိုယ်ထဲမှာ ဘယ် လို Set Up တွေ ဖြစ်သွားပြီး သေဆုံး သည်အထိ အန္တရာယ်ကြီးပါတယ်ဆို တာကို 3D နဲ့ နားလည်တဲ့ ဆရာဝန် ကြီးတွေက ရှင်းပြတာကို ကျွန်မသိပ် လိုချင်တယ်။ အများပြည်သူကိုလည်း ဖြန့်ချင်ပါတယ်။ ကိုမင်းသွေးအတွက် တကယ် စိတ်မကောင်းဖြစ်ရပါတယ်။ သူ့မှာ အသက်အရွယ်ရော၊ အလား အလာရော အရမ်းရှိတဲ့အချိန်မှာ ရေတိမ်နစ်သွားရတာပါ။

ခိုင်သင်းကြည်

စိတ်မကောင်းပါဘူး။ ကြားတဲ့ ညကလည်း အိပ်မပျော်ဘူး။ သူနဲ့ နောက်ဆုံးတွေ့ခဲ့တာလေးက မက လျာတို့ အိမ်မှာ အတူစားကြတော့ သူရောက်လာတယ်။ အဲဒါလည်း ကြာတော့ ကြာပါပြီ။ ခဏလေးတွေ့ရ တဲ့ အချိန်မှာကို သူက မခိုင်တို့လိုပဲလို့ ခံစားရတယ်။ နေတိုးကျတော့ အေး တယ်။ စကားနည်းတယ်။ နေတိုး ထက်စာရင် သူ့ကိုတောင် ပိုခင်သေး တယ်။ သူက ကိုယ်နဲ့ အပစန ချင်း ပိုတူ တယ်။ အရွယ်လည်း အရမ်းငယ် သေးတယ်။ စိတ်သဘောထားလည်း အရမ်းကောင်းပြီး လူလည်း တအား ချစ်တဲ့လူဖြစ်နေတယ်။ မနေ့ကလည်း ကိုနေတိုးတို့ စတူဒီယိုမှာ ရုပ်ရှင်ရိုက် တော့ ဘုရားခန်းမှာ ဘုရားသေချာ ရှိခိုးတယ်။ ပဋ္ဌာန်း သေချာရွတ်ပြီး သူ့ကိုနာမည် သေချာခေါ်ပြီး အမျှ ဝေပြီး ဆုတောင်းပေးပါတယ်။ သူ ကလည်း တကယ့်ကို စိတ်ရင်း ကောင်းတယ်။ ရိုးသားတယ်။ကောင်း တဲ့ ဘုံဘဝရောက်မှာပါ။

ရွှေပိုးအိမ်

ကိုမင်းသွေးနဲ့ ဆုံဖူးပါတယ်။ MTV တွေလည်း သရုပ်ဆောင်ဖူး တယ်။ ကိုယ့်အစ်ကိုတစ်ယောက်လို ဖြစ်နေတယ်။ စိတ်ရင်းကောင်းပြီး တအားခင်ဖို့ ကောင်းတဲ့မင်းသား တစ်ယောက်ပါ။ အကြွေစောတဲ့ အ တွက် စိတ်မကောင်းဖြစ်မိတယ်။ သူ အားခဲထားတဲ့ သတ်ကွင်းလည်း ရုံ တင်တော့မယ်။ နာမကျန်းဖြစ်ပြီးမှ ဆုံးပါးသွားရင် ဖြေသာသေးတယ်။ ရုတ်တရက်ကြီးဖြစ်တာဆိုတော့ ရွှေ ပိုးတို့တောင် ဒီလောက်ဝမ်းနည်းနေ ရင် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ လည်း ဘယ်လောက် စိတ်မကောင်း ဖြစ်ကြမလဲပေါ့။ နှမြောမိပါတယ်။

Ads Space Available


Continue reading

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌ ခမ်းနားစွာကျင်းပ

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်သို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့် ယာဉ်/ယန္တရား ၈ စီး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီးနှင့် သက်ဆိုင်သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ထုတ်လုပ်မှုနှင့် သစ်တောသယံဇာတများ တရားမဝင် ထုတ်ယူသုံးစွဲမှုများကို တားဆီးဖော်ထုတ်နိုင်ရေးအတွက် ပြည်သူအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဥပဿကာအဖြစ်ဆောင်ရွက်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးထံ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကဂုဏ်ပြုလွှာပြန်လည်ဆပ်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆပ်ကပ်ပြီး သီတဂူမျက်စိအလှူတော်အတွက်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071