မင်းသားဝီလ်စမစ်တစ်ယောက်စက်တင်ဘာ ၂၅ ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့အသက် ၅ဝ နှစ်ပြည့် အမှတ်တရအဖြစ် ပျံသန်းနေတဲ့ ဟယ်လီကော်ပတာပေါ်ကနေ ဂရင်းကင်ညွန်ဥယျာဉ်ကြီးပေါ်ကို ဒိုင်ဗင် ထိုးပြီးခုန်ချပြခဲ့ပါတယ်။
တစ်သက်မှာ မခံစားဖူးသေးတဲ့ ခံစားမှုမျိုးကိုခံစားရပြီး အကြောက်တရားကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ် လို့ မင်းသားက ပြောပါတယ်။ သူမခုန်ချခင် ဟယ်လီကော်ပတာပေါ်မှာ သူ့ဇနီး ဂျာဒါစမစ်၊ သမီးဝီလိုးစ မစ်နဲ့ သားဂျာဒန်စမစ်တို့အတူတကွရှိနေကြတယ်လို့ ဆိုပါတယ်။
ဝီလ်စမစ်ကို ၁၉၆၈ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ ရက် (ပ်)ပါနှင့် တေးရေးတစ်ဦးအဖြစ်ကျော်ကြားသူလည်းဖြစ်ပါတယ်။
Ref: ENEWS