Saturday, June 27, 2026

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...
HomeCelebrities' Newsမင်းသမီး လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊...

မင်းသမီး လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ သူ့ခန္ဓာကိုယ် အချိုးအစားနဲ့ ရှိသင့် ရှိထိုက်တာတော့ ရှိသင့်တယ်လို့ထင်တယ် မိုးယုစံ

သားဦးလေးမွေးဖွားထားတဲ့ မိုးယုစံက တော်ဝင်နှင်းဆီအငြိမ့်ပွဲမှာ မင်းသမီးတစ်ဦးအနေနဲ့ ပါဝင်ကပြသွား မှာဖြစ်ပါတယ်။ သားလေး မွေးဖွားပြီးတဲ့နောက် အနုပညာအ လုပ်ကို ပထမဦးဆုံး ပြန်လည်လုပ် ဆောင်ခဲ့တာဖြစ်ပြီး အခုလောလောဆယ်မှာ ဝိတ်ချဖို့တော့ အဆင်သင့် ဖြစ်မနေသေးဘူးလို့ဆိုပါတယ်။သားဦးလေးမွေးဖွားထားတဲ့ မိုးယုစံက တော်ဝင်နှင်းဆီအငြိမ့်ပွဲမှာ မင်းသမီးတစ်ဦးအနေနဲ့ ပါဝင်ကပြသွား မှာဖြစ်ပါတယ်။ သားလေး မွေးဖွားပြီးတဲ့နောက် အနုပညာအ လုပ်ကို ပထမဦးဆုံး ပြန်လည်လုပ် ဆောင်ခဲ့တာဖြစ်ပြီး အခုလောလောဆယ်မှာ ဝိတ်ချဖို့တော့ အဆင်သင့် ဖြစ်မနေသေးဘူးလို့ဆိုပါတယ်။

“အမှန်ဆိုရင်တော့ အခု ၄ လ မပြည့်သေးဘူး။ ၆လလောက်မှ ပြန် လုပ်မယ်လို့ စိတ်ကူးထားတာဆိုတော့ ပွဲကချက်ချင်းကြီးဆိုတော့ ဝိတ်ချမယ့် အစီအစဉ်လည်းမမီတော့ဘူး။ ဒါပေမဲ့လည်း အတတ်နိုင်ဆုံးတော့ အ ကောင်းဆုံး ကြိုးစားသွားပါမယ်။ အရင်တုန်းကလိုမျိုး မဟုတ်ဘူးဆို ပေမယ့်လည်း မင်းသမီးတစ်ယောက် ဖြစ်ပြီးတော့ ပုံပျက်ပန်းပျက်ကြီး တော့ ညီမလည်း အဖြစ်မခံနိုင်ပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ကိုယ်က မင်းသမီးလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ မိန်းကလေး တစ်ယောက်အနေနဲ့ကတော့ သူ့ခန္ဓာကိုယ်အချိုးအစားနဲ့ ရှိသင့် ရှိထိုက်တာတော့ ရှိသင့်တယ်လို့ထင်တယ်။ ညီမလည်းအဲဒီ လောက်ပဲကြိုက်ပါတယ်။ ကိုယ်ကလည်း အစကတည်းက အပျို လေးတန်မဲ့ ဝနေတာလည်း မဟုတ်ဘူးလေ” လို့ ပုံပျက်ပန်းပျက်ကြီး တော့ အဖြစ် မခံကြောင်း မိုးယုစံကပြောပါတယ်။     တော်ဝင်နှင်းဆီအငြိမ့်ပွဲမှာ ကပြဖို့ အတွက် လေ့ကျင့် ပြင်ဆင်နေပြီး သီချင်းတစ်ပုဒ်တည်းကပြရမှာဖြစ် တဲ့အတွက်  စိုးရိမ်စရာတော့ သိပ်မရှိကြောင်း ပြောပါတယ်။ အခုအချိန် မှာတော့ အနုပညာထက် မိသားစုကိုပဲ အချိန်ပေး ဖြစ်နေတယ်လို့ ဆိုတဲ့  မိုးယုစံက….

“အားလုံးက ကိုယ့်အသက် အရွယ်နဲ့ သွားတာပေါ့။ ငယ် ငယ်တုန်းကဆိုရင် ပညာ သင်ရမယ့်အရွယ်၊ ကစား ရ မယ့်အရွယ် အဆင့် ဆင့်ရှိတယ်။ အခုအ ချိန်မှာတော့ ကိုယ် ထင်တာပေါ့။ ကိုယ် ဝါသနာပါတဲ့အ လုပ်လုပ်ပြီးတော့ မိဘကို ကျေးဇူး ဆပ်တာ မျိုး တော့ မဟုတ်ပါ ဘူး။ ကိုယ့် မိဘ ကို တတ်နိုင် သလောက် လုပ် ကျွေး နိုင်တယ်။ အခုအချိန် မှာ တော့ ကိုယ့်မိသားစု အပေါ်ကို ပိုပြီး အာရုံထား သင့်တယ် လို့ ထင်တယ်။ အလုပ် ကိစ္စထက်ပေါ့။ ကလေး ကလည်း ငယ်သေးတယ်။ ကိုယ်တည်ဆောက် ထားတဲ့ မိသားစု အသစ်လေးကို ပိုပြီး ဂရုစိုက်သင့်တယ်။ ပြီးတော့ ကိုယ့်အမေ၊ အဖေ ကလည်း အသက်ကြီး လာပြီဆိုတော့ ကိုယ့်အမေ အဖေကိုလည်း ဆက်ပြီး ဂရုစိုက်သင့်တယ် လို့ထင်တယ်။ ကိုယ့် မိ သားစုအတွက်ပဲ ဂရုစိုက် ဖြစ်နေပါတယ်” လို့ပြော ပါတယ်။

အခုအချိန်မှာ ပရိသတ်တွေ က သားလေးကိုလည်း ချစ်ခင်ကြတာ ကြောင့် မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကို ချစ်တာထက် သားလေးကို ချစ်တာ၊ အားပေး တာတွေ့ရတဲ့ အတွက် ပိုပြီး ဝမ်းသာပျော်ရွှင်ရပါ တယ်လို့ မိုးယုစံကဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071