ယနေ့ ဇွန် ၂၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် မကွေးတိုင်း၊ မကွေးမြို့မှ သိပ္ပံဘာသာတွဲဖြင့် The Whole Burma Top_10 စာရင်းဝင်(၃)ဦးထွက်ပေါ်ခဲ့ကြောင်း သိရသည်။
” D ဝေလျှံ”ကိုယ်ပိုင်အထက်တန်းကျောင်းမှ မအေး ချမ်းမြေ့ (The Whole Burma)အဆင့်(၂)၊ ” D ဝေလျှံ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ဥာဏ်ဟိန်းဇေ (The Whole Burma)အဆင့်(၅)နှင့် “မိသားစု”ကိုယ်ပိုင် အထက်တန်းကျောင်းမှ မောင်ဘုန်းတေဇသွေး (The Whole Burma)အဆင့်(၉)တို့ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၅၂)ခုဖွင့်လှစ်ခဲ့ရာ ကျောင်းသား/သူ (၂၁,၂၁၉)ဦးဝင်ရောက်ဖြေဆိုခဲ့ကြပြီး (၁၂,၃၉၀)ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။
