မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့ရှောင်လမ်းနှင့် ၃၁၇ လမ်းကြားတွင် ရက်သားအရွယ် မိန်းကလေးငယ်တစ်ဦးကို မိခင်အရင်းဖြစ်သူမှ စွန့်ပစ်မှု ယနေ့ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မိဘတွေနဲ့ အဆက်အသွယ်ရပြီ ကလေးအမေက စားသောက်ဆိုင်မှာ အလုပ်ပြန်လုပ်ရတော့မှာမို့ ကလေးကို အချိန်မပေးနိုင်တော့ဘူး၊ ယောင်္ကျားဖြစ်သူနဲ့ ယောက္ခမဖြစ်သူက ကလေးကိုကြည့်ပေးဖို့ တာဝန်မယူနိုင်တာကြောင့် အခုလိုလုပ်မိလုပ်ရာ လုပ်သွားတာနဲ့ တူပါတယ်” ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်အဖွဲ့ M-RESCUE MAGWAY မြေပြင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။
စတင်တွေ့ရှိသည့်အချိန်တွင် ကလေးကို လိုအပ်သည်များဆာင်ရွက်ပေးပြီးနောက် လမ်းကြုံမိခင်တစ်ဦးမှလက်ရှိကလေးငယ်လေးအားနို့ချိုတိုက်ကျွေးခဲ့ကြောင်း ထို့နောက် ချမ်းမြေ့သာယာအုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့က တာဝန်ယူကြည့်ရှုပေးထားကာ အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူမှာလည်း လသားအရွယ် နို့စိုကလေးငယ်လေးတစ်ဦးရှိနေသည့်အတွက် ကြည့်ရှု စောင့်ရှောက်ပေးထားကြောင်း သိရသည်။
ဓာတ်ပုံ – ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်အဖွဲ့ M-RESCUE MAGWAY မြေပြင်လူမှုကူညီရေးအသင်း