Tuesday, June 24, 2025

AHA Centre မှလှူဒါန်းသည့် ယာယီစာသင်...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင် ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms....

စစ်ပွဲအဆုံးသတ်ဖို့ အစ္စရေးနဲ့ အီရန်တို့ သဘောတူညီခဲ့ကြတယ်လို့...

အစ္စရေးနဲ့ အီရန်တို့ဟာ လုံးဝပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပြီဖြစ်ပြီး အရှေ့ပိုင်းစံတော်ချိန် ညသန်းခေါင်ယံမှာ စတင်မှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ညနေပိုင်းမှာ လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ ထရမ့်ရဲ့...

မီးခိုးမြူ တို-က်ဖျ-က်ရေးအတွက် မြန်မာ-လာအို-ထိုင်း (၃)...

နယ်စပ်ဖြ-တ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ...

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ...
HomeNewsLocal Newsမကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်...

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ ယနေ့ မေ ၂၆ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သက်တော်ရှည်ရပ်ကွက်၊ သက်တော်ရှည်ဘုန်းကြီးကျောင်းဝန်းအတွင်း၌သစ်ပင်လဲကျခဲ့သဖြင့် ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်ကလည်း မကွေးတိုင်း၊ မကွေးမြို့၊ ဆားစည့်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးရှေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျခဲ့၍ မကွေးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ နံနက် ၈ နာရီခွဲတွင်လည်း မကွေးတိုင်း၊ ပခုက္ကူမြို့၊ လေယာဉ်ကွင်းအဟောင်းဝန်းအတွင်းရှိ ဘုန်းကြီးကျောင်းအဝင်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျခဲ့ရာ ပခုက္ကူမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် နံနက် ၉ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း၌ သစ်ပင်လဲကျနေသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ထန်းတောရပ်ကွက်အရန်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ပေးဆပ်သူလူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကိုဆွေးနွေး

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင် ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms. Vanessa May တို့ ဇွန် ၂၃ ရက်မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် လူကယ်ပြန်ဝန်ကြီးဌာနနှင့် UNOCHA အဖွဲ့တို့ကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ် ငန်းများ၊ နိုင်ငံတော်မှဆောင်ရွက်နေသည့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများအတွက် တရုတ်နိုင်ငံက အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီရုံးခန်း (Prefabricated Office)နှင့် ယာယီဝန်ထမ်းအိမ် ရာ(Prefabricated House)လှူဒါန်းထားရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် AHA...

စစ်ပွဲအဆုံးသတ်ဖို့ အစ္စရေးနဲ့ အီရန်တို့ သဘောတူညီခဲ့ကြတယ်လို့ ထရမ့်ဆို

အစ္စရေးနဲ့ အီရန်တို့ဟာ လုံးဝပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပြီဖြစ်ပြီး အရှေ့ပိုင်းစံတော်ချိန် ညသန်းခေါင်ယံမှာ စတင်မှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ညနေပိုင်းမှာ လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ ထရမ့်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး အစ္စရေး ဒါမှမဟုတ် အီရန် အရာရှိတွေဖက်က လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ထရမ့်ပ် ဖော်ပြခဲ့တဲ့ သဘောတူညီချက်မှာ ၁၂ နာရီစီကြာမယ့် အပစ်အခတ်ရပ်စဲရေး ကာလနှစ်ခု ပါဝင်ပြီး အရှေ့ပိုင်းစံတော်ချိန် ည ၁၂ နာရီဝန်းကျင်မှာ အီရန်က စတင်မှာဖြစ်ပါတယ်။ ဒါဟာ "အစ္စရေးနဲ့ အီရန်တို့ လက်ရှိလုပ်ဆောင်နေတဲ့ နောက်ဆုံးမစ်ရှင်တွေ ပြီးစီးသွားချိန်"...

မီးခိုးမြူ တို-က်ဖျ-က်ရေးအတွက် မြန်မာ-လာအို-ထိုင်း (၃) နိုင်ငံ ပူးပေါင်းဆောင်ရွက်နေ

နယ်စပ်ဖြ-တ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းကပြောသည်။ International Symposium on Haze Governance in Thailand အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်၍ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ချင်းမိုင်မြို့၊ ရှန်ဂရီလာဟိုတယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းနိုင်ရေးနည်းလမ်းများ ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က ကမကထပြု၍ ထိုင်းနိုင်ငံ၊ သဘာဝသယံဇာတနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071