Thursday, January 1, 2026

မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်း တပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးဖွင့်လှစ်ပေးခဲ့

တပ်မတော်မှ အကြမ်းဖက်အဖွဲ့များခေတ္တထိမ်းချုပ်ထားသော မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအားပြန်လည်ထိန်းချုပ်ရန် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် အောက်တိုဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၊ အောက်တိုဘာ...

မြန်မာနိုင်ငံမှ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်...

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ဇန်နဝါရီ ၂၆ ရက်အထိ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို...

နေအိမ်(၆၀)လုံးမီးလေ-ာင်ဆုံးရှုံးပြီး (၃၀၈)ဦးမီးဘေးသင့်ခဲ့သော ပျဥ်းမနားမြို့နယ်မှ Level...

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ် ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)တွင် ဒီဇင်ဘာ ၃၁ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်မှစတင်ကာ...

စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို...

စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ဒီဇင်ဘာ ၃၁ ရက်ကကျင်းပသည့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၁၁/၂၀၂၅) တွင်...
HomeNewsLocal Newsမကွေးတိုင်းဒေသကြီးမှ ရခိုင်သို့ ပို့မည့်...

မကွေးတိုင်းဒေသကြီးမှ ရခိုင်သို့ ပို့မည့် ကျပ် (၃၇) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည် ကျပ် (၃၇) ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကို ဒီဇင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် သတင်းအရ မင်းဘူးမြို့ ကန်ရေကျေးရွာအနီးတွင် အောင်ဇင်ဝင်း (ခ) ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့်လိုက်ပါလာသည့် CANTER ခြောက်ဘီးယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်း (ဒေသတန်ဖိုးငွေ ကျပ် ၃၇ ဒသမ ၄၆၅၅ ဘီလီယံ) ကို ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

ထို့နောက် ဆက်စပ်ဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ပေးနေသည့် နေမျိုးအောင်နှင့် ၎င်း၏ဇနီး မညိုညိုသက်တို့နှစ်ဦးကို မကွေးမြို့နတ်မောက်လမ်းရှိ မကွေးဟိုတယ်တွင် SUPER CUSTOM ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အောင်မြေသာစံမြိုနယ် ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်းတို၏နေအိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသည့် HYUNDAI STAREX ယာဉ်တစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့ခြင်းလည်း ဖြစ်ပြီး ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူမှာ စစ်ကိုင်းမြို့နယ် ဆည်လေးကျေးရွာနေ မင်းမင်း (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး စစ်ကိုင်းမြိုနယ်မှ မင်းတုန်းမြို့သို့လည်းကောင်း၊ မင်းတုန်းမြို့မှတစ်ဆင့် ရခိုင်ပြည်နယ်သို့လည်းကောင်း ဆက်လက်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်း တပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးဖွင့်လှစ်ပေးခဲ့

တပ်မတော်မှ အကြမ်းဖက်အဖွဲ့များခေတ္တထိမ်းချုပ်ထားသော မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအားပြန်လည်ထိန်းချုပ်ရန် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် အောက်တိုဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၊ အောက်တိုဘာ ၁၃ ရက်တွင် ဖော့တောလမ်းဆုံ၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဇရပ်ကွင်းကျေးရွာ၊ ဒီဇင်ဘာ ၂၂ ရက်တွင် လိပ်ကျကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျည်တောက်ပေါက်ကျေးရွာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ ဒီဇင်ဘာ ၃၁ ရက်တွင် လိပ်ကျကျေးရွာတို့ကိုပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံများသွားလာမှုနှင့်...

မြန်မာနိုင်ငံမှ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း (၁၁) နည်းဝင်ရောက်ယှဥ်ပြိုင်မည်

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ဇန်နဝါရီ ၂၆ ရက်အထိ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အားကစားနည်း (၁၉) နည်းဖြင့်ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အားကစားနည်း (၁၁) နည်းတွင်ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ရေကူး၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ အလေးမ၊ ဂိုးလ်ဘော၊ ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ‌ေ-သနတ်ပစ်၊ ဘိုစီယာ၊ ဘိုးလင်းအားကစားနည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။ အဆိုပါ စခန်းဝင်လေ့ကျင့်နေသည့် မသန်စွမ်းအားကစားသမားများ၊ အုပ်ချုပ်/နည်းပြများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်...

နေအိမ်(၆၀)လုံးမီးလေ-ာင်ဆုံးရှုံးပြီး (၃၀၈)ဦးမီးဘေးသင့်ခဲ့သော ပျဥ်းမနားမြို့နယ်မှ Level 2 အဆင့်မီးလေ-ာင်မှု

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ် ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)တွင် ဒီဇင်ဘာ ၃၁ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်မှစတင်ကာ မီးလေ-ာင်မှုဖြစ်ပွား ၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြ၍ ည ၈ နာရီတွင်မီးငြိမ်းသွားခဲ့သည်။ မီးလေ-ာင်မှုဖြစ်စဥ်အား ငြှိမ်းသတ်နေမှုကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦးမှ လာရောက်ကြည့်ရှုပြီး ဖြစ်စဥ်ကြောင့် နေအိမ်(၆၀)လုံးပျ-က်စီးဆုံးရှုံးကာ (၃၀၈)ဦးမီးဘေးသင့်ခဲ့သဖြင့် တပေါင်းကွင်း၌ ယာယီမီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာကူညီမှုများပြုလုပ်ပေးခဲ့သည်။ " မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေကိုလည်း နေပြည်တော်ကောင်စီအနေနဲ့ စဉ်ဆက်မပြတ်ပံ့ပိုးဆောင်ရွက်ပေးသွားပါမယ်"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071