(Unicode)
မကြာခင်ထုတ်လွှင့်မယ့်ဒရာမာစီးရီးသစ်နဲ့ပတ်သက်ပြီး Song Hye Kyo ရဲ့ စိတ်ခံစားမှု
Dazed မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးနေတဲ့ Song Hye Kyo ကတော့ အရင်လို လှပနေဆဲပါပဲ။
မကြာခင်ပြမယ့် ဒရာမာဇာတ်လမ်းသစ်နဲ့ပတ် သက်ပြီး ” ကိုယ်တွေဝယ်တဲ့ အဝတ်အစားတွေဟာ စျေးကွက်ထဲဘယ်လိုရောက်လာလဲဆိုတာ တဆင့်ချင်းစီကြည့်ရမှာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေ ပျော်ရွှင်ကြမယ်လို့ ထင်ပါတယ်” လို့ Song Hye Kyo က ပြောပါတယ်။
အရင်ဒရာမာ Encounter ပြီးတဲ့နောက်မှာ အခုလိုနောက်ထပ် အချစ်ဒရာမာတခုကို ရွေးချယ်ရတဲ့ အကြောင်းအရင်းကို မေးတဲ့အခါမှာတော့
“အသက်၄၀မှာရိုက်ကူးတဲ့ Song Hye Kyo ရဲ့ အချစ်ဒရာမာဇာတ်ကားက အသက်၃၀ကထက် ကွဲပြားသွားလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုမျှော်လင့်မိတယ်” လို့ သူမက ဆိုပါတယ်။
” အချစ်ဒရာမာဇာတ်ကားရိုက်တာကို လူတချို့က ဝေဖန်ခဲ့ကြပေမယ့် ဒီဒရာမာအဆုံးသတ်ပြီးနောက်မှာတော့ နောင်တရစရာ မရှိပါဘူး”
“ဘယ်သူတွေဘာပြောပြော ငါ့ဘဝရဲ့ ဒီအချိန် မှာ Now We Are Breaking Up ကို ရွေးလိုက် တာ ကောင်းတယ်လို့ ငါထင်တယ်”
“မင်းသမီးတယောက်အနေနဲ့ ဖက်ရှင်နယ်က သိပ်မဝေးပါဘူး။ဒါပေမယ့် အဝတ်အစားဒီဇိုင်းထုတ်တဲ့ တကယ့်ကုမ္ပဏီမှာ ဖြစ်ပျက်နေတဲ့ အလုပ်တွေကို သွယ်ဝိုက်ပြီး တွေ့ကြုံရတဲ့အခါ နည်းနည်းတော့ အံ့ဩမိတယ်” လို့လည်း Song Hye Kyo က သူမရဲ့ အတွေ့အကြုံကိုပြောပြထားပါတယ်။
(Zawgyi)
မၾကာခင္ထုတ္လႊင့္မယ့္ဒရာမာစီးရီးသစ္နဲ႔ပတ္သက္ၿပီး Song Hye Kyo ရဲ႕ စိတ္ခံစားမႈ
Dazed မဂၢဇင္းအတြက္ ဓာတ္ပုံ႐ိုက္ကူးေနတဲ့ Song Hye Kyo ကေတာ့ အရင္လို လွပေနဆဲပါပဲ။
မၾကာခင္ျပမယ့္ ဒရာမာဇာတ္လမ္းသစ္နဲ႔ပတ္ သက္ၿပီး ” ကိုယ္ေတြဝယ္တဲ့ အဝတ္အစားေတြဟာ ေစ်းကြက္ထဲဘယ္လိုေရာက္လာလဲဆိုတာ တဆင့္ခ်င္းစီၾကည့္ရမွာျဖစ္တဲ့အတြက္ ၾကည့္ရႈသူေတြ ေပ်ာ္႐ႊင္ၾကမယ္လို႔ ထင္ပါတယ္” လို႔ Song Hye Kyo က ေျပာပါတယ္။
အရင္ဒရာမာ Encounter ၿပီးတဲ့ေနာက္မွာ အခုလိုေနာက္ထပ္ အခ်စ္ဒရာမာတခုကို ေ႐ြးခ်ယ္ရတဲ့ အေၾကာင္းအရင္းကို ေမးတဲ့အခါမွာေတာ့
“အသက္၄၀မွာ႐ိုက္ကူးတဲ့ Song Hye Kyo ရဲ႕ အခ်စ္ဒရာမာဇာတ္ကားက အသက္၃၀ကထက္ ကြဲျပားသြားလိမ့္မယ္လို႔ ကိုယ့္ကိုယ္ကိုေမွ်ာ္လင့္မိတယ္” လို႔ သူမက ဆိုပါတယ္။
” အခ်စ္ဒရာမာဇာတ္ကား႐ိုက္တာကို လူတခ်ိဳ႕က ေဝဖန္ခဲ့ၾကေပမယ့္ ဒီဒရာမာအဆုံးသတ္ၿပီးေနာက္မွာေတာ့ ေနာင္တရစရာ မရွိပါဘူး”
“ဘယ္သူေတြဘာေျပာေျပာ ငါ့ဘဝရဲ႕ ဒီအခ်ိန္ မွာ Now We Are Breaking Up ကို ေ႐ြးလိုက္ တာ ေကာင္းတယ္လို႔ ငါထင္တယ္”
“မင္းသမီးတေယာက္အေနနဲ႔ ဖက္ရွင္နယ္က သိပ္မေဝးပါဘူး။ဒါေပမယ့္ အဝတ္အစားဒီဇိုင္းထုတ္တဲ့ တကယ့္ကုမၸဏီမွာ ျဖစ္ပ်က္ေနတဲ့ အလုပ္ေတြကို သြယ္ဝိုက္ၿပီး ေတြ႕ႀကဳံရတဲ့အခါ နည္းနည္းေတာ့ အံ့ဩမိတယ္” လို႔လည္း Song Hye Kyo က သူမရဲ႕ အေတြ႕အႀကဳံကိုေျပာျပထားပါတယ္။