Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeMoviesမက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော...

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက ကစားကွင်းကို ဖျ-က်ဆီး

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake အားကစားကွင်း၏ ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းများလုပ်ခဲ့ကြသည်။ လက်မှတ်ရောင်းချသော ယင်းပွဲအခမ်းအနားတွင် မက်ဆီသည် အချိန်ခဏသာရှိခဲ့သဖြင့် ယခုဖြစ်ရပ်များပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပွဲ၏ အဓိကစီစဉ်သူဖြစ်သော ဆာတာဒရူ ဒွတ်တာကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း အနောက်ဘင်ဂေါရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရာဂျစ်ဗ် ကူးမားက ပြောကြားခဲ့သည်။ မက်ဆီသည် အားကစားကွင်းအတွင်း ၄၅ မိနစ်ကြာရှိနေရန် စီစဉ်ထားသော်လည်း သူသည် မိနစ် ၂၀ သာရှိ‌နေခဲ့သည်။ အဆိုပါပွဲအတွက် လက်မှတ်တန်ဖိုးသည် အိန္ဒိယနိုင်ငံတွင် ပျှမ်းမျှအားဖြင့် တစ်ပတ်စာလုပ်အားခဝင်ငွေ၏ ထက်ဝက်ကျော်ဖြစ်သော ရူပီး ၃၅၀၀ (၃၉ ဒေါ်လာ) ဝန်းကျင်ရှိခဲ့သည်။ အနောက်ဘင်ဂေါဒေသ၏ Eastern ပြည်နယ်မြို့တော်ရှိ ကစားကွင်းအတွင်းရောက် ပရိသတ်များသည် ဘောလုံးကွင်းအတွင်းသို့ ထိုင်ခုံအကျိုးအပဲ့များ၊ အခြားပစ္စည်းများဖြင့် ပ-စ်ပေါက်ခဲ့ကြသကဲ့သို့ လူအတော်များများသည် ကွင်းပတ်လည်ရှိ ခြံစည်းရိုးကိုကျော်တက်ကာ အရာဝတ္ထု့များဖြင့် ပ-စ်ပေါက်ခဲ့ကြသည်။ “ဒီလောက်ကြီးတောင် စီမံခန့်ခွဲမှု ညံ့ဖျင်းလွန်းတာကို ကျွန်တော်တော့ မယုံနိုင်ဘူး” ဟု ကီလိုမီတာ ၁၅၀၀ နီးပါး ခရီးကို နှစ်ရက်ကြာထွက်လာခဲ့ရသည့် မီဇိုရမ်မှ Eddie Lal Hmangaihzuala က ပြောကြားခဲ့သည်။ “မက်ဆီက အမြန်ပဲထွက်သွားခဲ့တယ်၊ သူမလုံခြုံဘူးလို့ ခံစားနေရတယ်ထင်တယ်။ သူ့ကို တစ်ချက်ကလေးပဲမြင်လိုက်ရတယ်” ဟု သူက ရို-က်တာကို ပြောဆိုခဲ့သည်။ ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ခရီးစဉ် စီစဉ်သူများကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။ အဓိကပွဲစီစဉ်သူကို ဖမ်းဆီးထားပြီးကြောင်း ရာဂျစ်ဗ် ကူးမားက သတင်းထောက်များကို ပြောကြားခဲ့ပြီး “ဒီစီမံခန့်ခွဲမှု ညံ့ဖျင်းတာကို မဖြစ်မနေအပြစ်ပေးနိုင်အောင် ကျွန်မတို့ အရေးယူဆောင်ရွက်နေပါတယ်” ဟု ဆိုခဲ့သည်။ Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071