အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် မက္ကဆီကို၊ ကနေဒါတို့အပေါ် အခွန်းတိုးမြှင့်ကောက်ခံမည်ဆိုသည့် သူ၏ ခြိမ်းခြောက်မှုကို ဖေဖော်ဝါရီ ၃ ရက်တွင် နောက်ကြောင်းပြန်လှည့်သွားခဲ့သည်ဟု ယင်းနိုင်ငံခေါင်းဆောင်များက ပြောဆိုခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံအပေါ် အခွန်းတိုးမြှင့်မှု အမိန့်သည်မူ နာရီပိုင်းအတွင်း အာဏာသက်ရောက်ရန်ရှိနေဆဲဖြစ်သည်။
တရားမဝင် လူဝင်ရောက်မှုနှင့် မူ-းယ-စ်ဆေးဝါး မှောင်ခိုကူးမှုများကို နှိမ်နင်းရန် မစ္စတာ ထရမ့်ပ်၏ တောင်းဆိုချက်ကို ၎င်းတို့က နယ်ခြားစောင့်ကြပ်ရေး အစီအမံများ ကို ကောင်းအောင်ဆောင်ရွက်မည်ဟု သဘောတူညီခဲ့ကြကြောင်း ကနေဒါ ဝန်ကြီးချုပ် Justin Trudeau နှင့် မက္ကဆီကို သမ္မတ Claudia Sheinbaum တို့က ပြောကြားခဲ့သည်။ သို့ဖြစ်၍ ဖေဖော်ဝါရီ၄ ရက်တွင် စတင် အကျိုးသက်ရောက်မည့် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည့် အစီအစဉ်ကို ရက် ၃၀ ဆိုင်းငံ့ပေးလိုက်သည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက ပြောဆိုသည်။
ဖန်တနိုင်းလ်မူ-းယ-စ်ဆေးဝါး စီးဝင်မှုကို တားဆီးရန်အတွက် ကနေဒါသည် အမေရိကနှင့်ထိစပ်နေသော ၎င်း၏ နယ်စပ်တလျှောက်တွင် နည်းပညာအသစ်များနှင့် ဝန်ထမ်းများ ကို အသုံးပြုမည်ဖြစ်သည်ဟု မစ္စတာ Trudeau က ပြောကြားခဲ့သည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ အိမ်ဖြူတော်က လတ်တလောတွင် အတည်ပြုခြင်းမရှိသေးသော်လည်း မစ္စတာ Trudeau နှင့် ဖုန်းပြောဆိုမှု အလွန်အဆင်ပြေသည်ဟု မစ္စတာထရမ့်ပ်က သတင်းထောက်များကို ပြောခဲ့သည်။
တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုများနှင့် မူးယစ်ဆေးဝါးများ စီးဝင်မှုကို ဟန့်တားရန်အတွက် ၎င်း၏ မြောက်ပိုင်းနယ်စပ်တွင် နိုင်ငံတော်လုံခြုံရေးအစောင့်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို ဖြည့်တင်းသွားမည်ဟု မက္ကဆီကိုက သဘောတူခဲ့ကြောင်းလည်း သိရသည်။
အဆိုပါသဘောတူညီချက်တွင် မက္ကဆီကိုနိုင်ငံအတွင်းသို့ စွမ်းအားမြင့်ေ-သနတ်များ မှောင်ခိုကုန်သွယ်မှုကို အမေရိက,က တားဆီးပေးမည်ဆိုသည့် ကတိကဝတ်လည်း ပါဝင်သည်ဟု မက္ကဆီကို သမ္မတ Claudia Sheinbaum က ပြောဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်