Thursday, July 10, 2025

ကမ္ဘောဒီးယားတွင် ထိုင်းထုတ်ကုန်များ ပြတ်လပ်နေ၍ အခက်ကြုံနေသည့်စားသုံးသူများ

ကမ္ဘောဒီးယား မှ စားသုံးသူများသည် ၎င်းတို့နှစ်သက်ရာထိုင်း အမှတ်တံဆိပ်များကို အစားထိုးသုံးစွဲကြရတော့မည်ဖြစ်သည်။ ယခုအခါ ကမ္ဘောဒီးယားရှိ အရောင်းစင်များပေါ်မှ ထိုင်းထုတ်ကုန်များအစား အခြားနိုင်ငံမှ အမှတ်တံဆိပ်အသစ်များအစားထိုးလာခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသော စျေးကွက်အပြောင်းအလဲနှင့်...

ငလျင်ဒဏ်သင့်စက်ရုံ၊ အလုပ်ရုံများ ပြန်တည်ဆောက်ရေးအတွက်ချေးငွေထုတ်ပေးမည်

နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးရန်ပုံငွေတစ်ရပ်ထူထောင်၍ငလျင်ဒဏ်သင့်ဒေသများရှိ လုပ်ငန်းသုံးစက်ရုံ၊ အလုပ်ရုံများ ပြန်လည်တည်ဆောက်ရေးအတွက်MSMEs ချေးငွေထုတ်ပေးရန်ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကို ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက်...

မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ်(၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူဖမ်းမိ

ပြည်တွင်း၌ မူးယစ်ဆေးဝါးကို ကွမ်းယာရောင်းသလိုရောင်းနေကြပြီလားဟု​စော​ကြော​လာကြချိန်၊အာဏာပိုင်များ အတွက် စိန်​ခေါ်ခံ​နေရချိန်၊စီးပွားအဖြစ်လုပ်ကိုင်​နေသူများအား ပြည်သူက အမျိုးသား​ရေးအမြင်ဖြင့် ​​ဒေါက်​ထောက် ကြည့်လာ​နေချိန်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို...

ဟွန်ဆန် အ​ပေါ် သက်ဆင်၏ သ​ဘောထား

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယ​နေ့ ဗုဒ္ဓဟူးနေ့​နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ အစ်စတင်န်ဂရမ်းဒ်​ဟော်တယ်တွင်ကျင်းပသည့်​ “ထိုင်းနိုင်ငံ၏ သောင်မတင် ရေမကျ ဖြစ်နေမှုများကို ဖြတ်ကျော်ခြင်း” ဆွေး​နွေးပွဲအစီအစဉ်အတွက် မီဒီယာဆွေးနွေးပွဲတစ်ခု...
HomeInternationalမက္ကဆီကို၊ ကနေဒါ၊ တရုတ်ကုန်စည်များကိုယူအက်စ်က...

မက္ကဆီကို၊ ကနေဒါ၊ တရုတ်ကုန်စည်များကိုယူအက်စ်က အခွန်တိုးကောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့မှ ကုန်စည်များအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရန် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။ ဤလုပ်ရပ်သည် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကို ထိခိုက်စေနိုင်ကာ ငွေကြေးဖောင်းပွမှု မြင့်တက်လာ‌စေနိုင်သည့် ကုန်သွယ်ရေးစစ်ပွဲကို အစပြုလိုက်ခြင်းပင်ဖြစ်သည်။ မက္ကဆီကို၊ ကနေဒါနိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဖန်တနိုင်းလ်နှင့် တရားမဝင်လူဝင်ရောက်မှုများကို တားဆီးရန် တောင်းဆိုထားသည်။

မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့က တန်ပြန် အခွန်စည်းကြပ်များ လုပ်ဆောင်မည်ဟု ချက်ချင်းဆိုသလို ကတိပြုလိုက်ကြပြီး တရုတ်နိုင်ငံကမူ မစ္စတာထရမ့်ပ်၏ လုပ်ဆောင်ချက်အပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အရေးဆိုသွားကာ တန်ပြန်ဆောင်ရွက်ချက်များ လုပ်ဆောင်မည်ဟု ဆိုခဲ့သည်။

ဖလော်ရီဒါတွင် အချိန်အတော်ကြာ ဂေါက်သီးရိုက်ကစားခဲ့ပြီးနောက် သမ္မတအမိန့် သုံးရပ်ကို မစ္စတာထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကသို့ ဖန်တနိုင်းလ်နှင့် တရားမဝင် လူဝင်ရောက်မှုများ မရပ်မခြင်း သူ၏ နိုင်ငံတော်အရေးပေါ်အခြေအနေဆိုဆိုင်ရာ အခွန်စည်းကြပ်မှုများကို ထားရှိသွားမည်ဟု ကတိပြုခဲ့သည်။

ရေနံချက်နိုင်ငံများ၊ အနောက်အလယ်ပိုင်းနိုင်ငံများ၏ စိုးရိမ်ပူပန်ချက်အရ ကနေဒါမှ စွမ်းအင်ထုတ်ကုန်များအပေါ် ၁၀ ရာခိုင်နှုန်းသာ သူက အခွန်စည်းကြပ်ခဲ့ပြီး မက္ကဆီကို စွမ်းအင်သွင်းကုန်များသည်မူ ၂၅ ရာခိုင်နှုန်းအပြည့် အခွန်စည်းကြပ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ကနေဒါဝန်ကြီးချုပ် Justin Trudeau က ကနေဒါသည် ဘီယာ၊ ဝိုင်၊ သစ်ခွဲသားနှင့် အသုံးအဆောင်ပစ္စည်းများအပါအဝင် ကနေဒါဒေါ်လာ ၁၅၅ ဘီလျံတန်ဖိုးရှိ အမေရိကန်ကုန်စည်များအပေါ် ၂၅ ရာခိုင်နှုန်း တုန့်ပြန်အခွန်စည်းကြပ်သွားမည်ဖြစ်ကာ ဖေဖော်ဝါရီ ၄ ရက်တွင် ကနေဒါဒေါ်လာ ဘီလျံ ၃၀ တန်ဖိုးရှိ ကုန်စည်များအပေါ် စတင်စည်းကြပ်မည်ဖြစ်ကာ နောက် ၂၁ ရက်အကြာတွင် ကနေဒါဒေါ်လာ ၁၂၅ ဘီလျံဖိုးရှိ ကုန်စည်များအပေါ် စည်းကြပ်သွားမည်ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ကနေဒါနိုင်ငံသားများ အမေရိကသို့ ခရီးမသွားရန်နှင့် အမေရိကန်ထုတ်ကုန်များကို သပိတ်မှောက်ရန်လည်း သူက တိုက်တွန်းခဲ့သည်။

မက္ကဆီကို သမ္မတ Claudia Sheinbaum ကလည်း တန်ပြန်အခွန်စည်းကြပ်မှုများလုပ်ဆောင်ရန် သူ၏ စီးပွားရေးဝန်ကြီးကို ညွှန်ကြားထားသည်ဟု X ပေါ်တွင် ပို့စ်တင်ပြောဆိုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့ပေ။

မစ္စတာထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကို ရင်ဆိုင်ရန် အတူတကွလုပ်ဆောင်နေသည်ဟု ကနေဒါနှင့် မက္ကဆီကိုတို့က ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၎င်း၏ တန်ပြန်ဆောင်ရွက်မှု အစီအစဉ်များကို တိတိကျကျ မဖော်ပြခဲ့ပေ။ ၎င်း၏ သတင်းထုတ်ပြန်ချက်အရ ဝါရှင်တန်နှင့် ပေကျင်းအကြား ဆွေးနွေးမှုများလုပ်နိုင်ရန် တံခါးဖွင့်ထားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားတွင် ထိုင်းထုတ်ကုန်များ ပြတ်လပ်နေ၍ အခက်ကြုံနေသည့်စားသုံးသူများ

ကမ္ဘောဒီးယား မှ စားသုံးသူများသည် ၎င်းတို့နှစ်သက်ရာထိုင်း အမှတ်တံဆိပ်များကို အစားထိုးသုံးစွဲကြရတော့မည်ဖြစ်သည်။ ယခုအခါ ကမ္ဘောဒီးယားရှိ အရောင်းစင်များပေါ်မှ ထိုင်းထုတ်ကုန်များအစား အခြားနိုင်ငံမှ အမှတ်တံဆိပ်အသစ်များအစားထိုးလာခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသော စျေးကွက်အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်နေကြရသည်။ ကမ္ဘောဒီးယား လက်လီဖောက်သည်များအပေါ်တွင် သိသိသာသာ လွှမ်းမိုးမှုရှိခဲ့သော ထိုင်းထုတ်ကုန်များသည်နှစ်နိုင်ငံနယ်စပ်တင်းမာမှုများကြောင့် ထိုင်းနိုင်ငံမှတင်သွင်းမှုများကို ပိတ်ပင်ထားသည်။ စျေးကွက်စစ်တမ်းအမျိုးမျိုးအရ Dutch Mill ကဲ့သို့သောနို့ထွက်ပစ္စည်းသည် ကမ္ဘောဒီးယား စျေးကွက်တွင် ၃၀ရာခိုင်နှုန်းကျော်ဝေစုရှိပြီး ၄င်းကိုမည်သည့်အမှတ်တံဆိပ်က အစားထိုးနိုင်မည်လဲက စိတ်ဝင်စားစရာပင်။ Ref: khmertimeskh

ငလျင်ဒဏ်သင့်စက်ရုံ၊ အလုပ်ရုံများ ပြန်တည်ဆောက်ရေးအတွက်ချေးငွေထုတ်ပေးမည်

နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးရန်ပုံငွေတစ်ရပ်ထူထောင်၍ငလျင်ဒဏ်သင့်ဒေသများရှိ လုပ်ငန်းသုံးစက်ရုံ၊ အလုပ်ရုံများ ပြန်လည်တည်ဆောက်ရေးအတွက်MSMEs ချေးငွေထုတ်ပေးရန်ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကို ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက် ဗဟိုဘဏ်အနေဖြင့် MSMEs လုပ်ငန်းများအတွက် ဘဏ်များမှ ချေးငွေထုတ်ချေးပေးနိုင်ရေး၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် အဆင်ပြေချောမွေ့စေရန် e-payment အားကောင်းလာစေရေးတို့အတွက် ကူညီပံ့ပိုးပေးလျက်ရှိသည်။ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအား‌ပေးဆောင်ရွက်ရာတွင် ဘဏ်လုပ်ငန်းကဏ္ဍသည် Financing ပေးရာ၌ အဓိကပံ့ပိုးပေးသည့် ကဏ္ဍတစ်ခုဖြစ်ပြီး ပါဝင်ဆောင်ရွက်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ (Participating Financial Institutions - PFIs) ဖြစ်သော...

မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ်(၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူဖမ်းမိ

ပြည်တွင်း၌ မူးယစ်ဆေးဝါးကို ကွမ်းယာရောင်းသလိုရောင်းနေကြပြီလားဟု​စော​ကြော​လာကြချိန်၊အာဏာပိုင်များ အတွက် စိန်​ခေါ်ခံ​နေရချိန်၊စီးပွားအဖြစ်လုပ်ကိုင်​နေသူများအား ပြည်သူက အမျိုးသား​ရေးအမြင်ဖြင့် ​​ဒေါက်​ထောက် ကြည့်လာ​နေချိန်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ် (၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၂ ရက်နေ့လည် ၃ နာရီက ကျောက်ဆည်နှင့်မိတ္ထီလာခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာအနီး၌ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မိုင်းရယ်ဘက်မှ မန္တလေးဘက်သို့ သန်းအောင်စိုး(ခ)မျောက်ကြီးမောင်းကာ ဝိုင်ခန့် လိုက်လာသည့် NISSAN DIESEL (၆)ဘီးကားကို ရှာဖွေစစ်ဆေးရာမှ ဘိန်းဖြူ(၁၄၈ ဒသမ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071