မကာအို၊ဧပြီ ၂၄
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဖိတ်ကြားချက်အရ တရုတ်အပြည်ပြည်ဆိုင်ရာ ဆအရေးပေါ်ဆေးအဖွဲ့ (မကာအို) သည် ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ဆေးဝါးကုသမှုပေးရန်နှင့်နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ထောက်ပံ့ရန် မြန်မာနိုင်ငံသို့ (၁၄) ရက်ကြာမစ်ရှင်အဖြစ်လာမည်ဟု သိရသည်။
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ၌ အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများနှင့်လူေ-သဆုံးမှုများဖြစ်ပေါ်ခဲ့သည်။
မကာအိုကျန်းမာရေးဗျူရိုက WHO ၏ဖိတ်ကြားချက်အရ ယခုဆေးအဖွဲ့ကို နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင်နှင့်မကာအိုရေးရာရုံးနှင့် တရုတ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ သဘောတူညီချက်ဖြင့်စေလွှတ်ခြင်းဖြစ်ကာ မကာအိုရှိတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန မင်းကြီးရုံးနှင့်မကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ၏ ကူညီထောက်ပံ့မှုများဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
အဖွဲ့၏အဓိကလုပ်ငန်းတာဝန်များမှာ ငလျင်ဘေးသင့်ဒေသများရှိ ဆေးဘက်ဆိုင်ရာအရင်းအမြစ်များလိုအပ်ချက်ပမာဏကို အကဲဖြတ်ဆန်းစစ်ခြင်း၊ အချက်အလက်ညှိနှိုင်းခြင်းလုပ်ငန်းစဉ်များကို ရနိုင်သမျှအကောင်းဆုံးဖြစ်အောင်ပြုလုပ်ခြင်း၊ ဒဏ်ရာကုသရေးနှင့် ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် စံချိန်မီ အစီအစဉ်များ ပေးအပ်ခြင်းနှင့် အရေးပေါ်ဆေးဘက်အဖွဲ့များကို တည်ထောင်ရာ၌ မြန်မာနိုင်ငံ၏လက်တွေ့အကောင်အထည်ဖော်နိုင်မှုကို အကဲဖြတ်ခြင်းတို့ ပါဝင်ကြောင်း မကာအိုကျန်းမာရေးဦးစီးဌာနကပြောကြားခဲ့သည်။
“ဒီမစ်ရှင်က မြန်မာငလျင်အပြီးမှာ WHO၊ မြန်မာအစိုးရနဲ့ ကျွန်တော်တို့အဖွဲ့ကြား ပူးပေါင်းဆောင်ရွက်တဲ့ ကြိုးပမ်းမှုတစ်ရပ်ကိုကိုယ်စားပြုပါလိမ့်မယ်” ဟုလည်း မကာအိုကျန်းမာရေးဦးစီးဌာန၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးမှူး O Leong ကပြောကြားခဲ့သည်။
Source : ရှင်းဟွာ