မြန်မာ့သနပ်ခါးသည် မြန်မာလူမျိူးတို့၏ တန်ဖိုးထားရာ ယဥ်ကျေးမှုတခုဖြစ်ကာ နေလောင်ဒ-ဏ်မှလည်း ကာကွယ်ပေးတတ်သေးသည်။
လက်ရှိတွင်လည်း မြန်မာ့သနပ်ခါးကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of The Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်နေချိန်လည်း ဖြစ်သည်။
မြန်မာယူ ၁၇ အမျိုးအသမီးအသင်းသည် မကာအိုအသင်းကို အသင်းခေါင်းဆောင်ပင်မြင့်ယံက(၂)ဂိုး၊ ရှင်းသန့်ဖြူစင်ပြုံးက (၃)ဂိုး၊ အယ်လိစိုင်ထွယ်နန်းက (၁)ဂိုးနဲ့ ခိုင်ဇင်မြင့်က (၁)ဂိုး အသီးသီးသွင်းယူပြီးလည်း အနိုင်ရရှိထားသည်။
လာမည့် အောက်တိုဘာ (၁၇)ရက်တွင် အင်ဒိုနီးရှားအသင်းနှင့်လည်း ထိပ်တိုက်ရင်ဆိုင်ရအုံးမည် ဖြစ်သည်။
မြန်မာယူ ၁၇ အမျိုးအသမီးအသင်းသည် ၂၀၂၆ အမျိုးသမီး ယူ-၁၇ အာရှဖလားခြေစစ်ပွဲစဉ်အတွက် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် အိမ်ရှင်အဖြစ်လက်ခံကစားနေခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ – Jogarbola Facebook Page
