Thursday, June 18, 2026

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု...

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...
HomeCelebrities' Newsဘုရားတရား ယုံကြည်ကိုးကွယ်ပြီး ဘာသာရေးလုပ်ခြင်းက...

ဘုရားတရား ယုံကြည်ကိုးကွယ်ပြီး ဘာသာရေးလုပ်ခြင်းက ဘဝကိုလုံခြုံစေတယ် အိချောပို

Ei Chaw Po 2

သရုပ်ဆောင် အိချောပိုက ဗုဒ္ဓဘာသာဝင် မိဘများရဲ့ ယုံကြည်ကိုးကွယ်မှု အစဉ်အလာကို လက်ဆင့်ကမ်း ယူဆောင်ပြီး ဗုဒ္ဓ ဘာသာအပေါ် သက်ဝင်ယုံကြည်စွာ အလေးအနက်ထားကာ ကိုးကွယ် ဆည်းကပ်လျက်ရှိပါတယ်။ နေ့စဉ်အချိန်ရရင်ရသလို ဘုရားတရား အလုပ်များ အပတ်တကုတ် ပွားများ လုပ်ဆောင်လေ့ရှိသလို ဆွမ်း၊ ရေ ချမ်းကပ် ဘုရားရှိခိုးကန်တော့လေ့ ရှိတဲ့အပြင် မိဘနှစ်ပါးကိုလည်း ဦးချကန်တော့မှု မမေ့မလျော့ ပြုလုပ်တဲ့ အိချောပိုက ပုတီးစိပ်ခြင်း၊ ပဋ္ဌာန်း ရွတ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်းတို့ကို လည်း နေ့စဉ်လုပ်ဆောင်ဖြစ်ပြီး ဘုရားတရား အလုပ်လုပ်ခြင်းဟာ ဘဝလုံခြုံစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဘုရားတရား အလုပ်များ ကို အလေးအနက်ထား ယုံကြည်သက်ဝင် စိတ်အပြည့်နဲ့ အင်တိုက်အားတိုက် ပါဝင်လုပ် ဆောင်နေကြရာမှာ မျိုးဆက်သစ် လူငယ်အများအပြား ဖြစ်နေပြီး မျိုးဆက်သစ် လူငယ်အမျိုးသမီး သရုပ်ဆောင် အိချောပိုရဲ့ ဘုရားတရား သက်ဝင်ယုံကြည်ကိုးကွယ်မှုနဲ့ ဘာသာတရား အနှစ်သာရအမြင်အပါအဝင် ကောင်းကျိုး ချမ်းသာ ရရှိစေခြင်း၊ အကြောင်း ပြောစကားများ ထပ်ဆင့်မျှဝေ ကုသိုလ်သဒ္ဓါတရား စိတ်သန္ဓေတည် မွေးဖွားစေဖို့ ဖော်ပြလိုက်ရပါတယ်။

ဘုရားတရားက အရေးကြီးဆုံးပါ

ညီမဆိုရင် အလုပ်သွားခါနီး ဘုရားကန်တော့တယ်။ မိဘကန် တော့တယ်။ ဘုရားတရားက အရေး အကြီးဆုံးပါ။ မမေ့သင့်ဘူး။ ညီမတို့ လို အနုပညာသမားတွေဆို ပိုဆိုးပါ တယ်။ ဘုရားတရား အလုပ်ကို ပို လုပ်ရပါတယ်။ ဘုရားတရား လုပ်တဲ့ အပြင် နောက်ထပ် အရေးကြီးဆုံးက စိတ်ထား ကောင်းကောင်း ထားရ မယ်။ သူများတွေအပေါ်ကို မကောင်းတဲ့စိတ်တွေ မထားဘူးဆို ရင် အမြဲတမ်း ကံကောင်းနေမယ်လို့ ညီမယုံကြည်တယ်။ ညီမကတော့ ဟိုး ငယ်ငယ်လေးကတည်းက “စိတ် ထားကောင်းရင် ကံကောင်းမယ်” ဆိုတဲ့ စကားအတိုင်းပဲ အမြဲတမ်း ထားတယ်။ ကိုယ့်အပေါ် မကောင်း ရင်တောင် ကိုယ်ကစပြီး အရင် နှုတ် ဆက်၊ အရင်ပြုံးပြတယ်။ အဲဒီတော့ ဆိုးဆိုးရွားရွား ကံဆိုးတာကြီးတွေ ညီမဘဝမှာ မရှိခဲ့ဘူး။ အမြဲတမ်း ကိုယ့်စိတ်ကို ဖြူစင်အောင် ထား တယ်။ သူများတွေ အပေါ်ကိုလည်း စိတ်ထား ဖြူစင်အောင်၊ စိတ်ကောင်း ရှိအောင် အမြဲနေပါတယ်။ အဲဒီလို နေထိုင်တော့ ကိုယ့်မှာ ပူလောင်မှုလည်း ကင်းဝေးတယ်။

Ei Chawm Po

ပုတီးစိပ်ပဋ္ဌာန်းရွတ်ဖတ် အဓိဋ္ဌာန်ဝင်ဖြစ်တယ်

အားရင် အားသလို ပုတီးစိတ် တယ်။ ပဋ္ဌာန်းရွတ်ဖြစ်ပါတယ်။ ပုတီး ကတော့ နေ့နံအလိုက် ပုတီးစိပ်တာ ရှိတယ်။ တခြား ပုတီးစိပ်နည်းတွေ လည်း လုပ်ပါတယ်။ ပဋ္ဌာန်းကတော့ အရင်တုန်းကတော့ ပဋ္ဌာန်းအကျယ် ရွတ်ပါတယ်။ အခုကျတော့ အနု ပညာ အလုပ်တွေ များနေလို့ အချိန် မပေးဖြစ်တာရယ်၊ နယ်ဘက်တွေ ထွက်နေရတာကြောင့် ပဋ္ဌာန်း အကျဉ်းပဲ ရွတ်နိုင်တော့တယ်။ ဒါပေ မဲ့အားတဲ့အချိန်လေးမှာတော့ ဒီ အလုပ်တွေကို ပိုပြီး လုပ်ဖြစ်ပါတယ်။ တရားဆိုလည်း ထိုင်ဖြစ်ပါတယ်။ တစ်ခါတလေ အလုပ်အားရက်ဆို အောင်ဇမ္ဗူတောရ ဆရာတော်ကြီးဆီ မှာ ၁ ရက်အဓိဋ္ဌာန်တို့ တစ်ခါတလေ ၃ ရက်အဓိဋ္ဌာန်ပြီး တရားစခန်းဝင် တာတို့ လုပ်ဖြစ်ပါတယ်။ ဒီလို ဘုရား တရားအလုပ်တွေ လုပ်လို့ လက်တွေ့ မှာ ဘာဖြစ်တယ်ဆိုတာထက် ကိုယ် ဘုရားတရားလုပ်လို့၊ ဘုရားစာရွတ် တဲ့ အတွက် ကိုယ့်ဘဝ ပိုလုံခြုံတယ်လို့ စိတ်ထဲမှာ သတ်မှတ်ထားပါတယ်။ အဲဒီအတွက်ပဲ ပိုလုပ်ဖြစ်ပါတယ်။

လူငယ်တွေလည်း ဘာသာရေး လုပ်ကြစေချင်တယ်

များသောအားဖြင့် ဘာသာရေး တို့၊ ဘုရားတရားအလုပ်တို့ကို လူကြီး တွေကပဲ ပိုလုပ်တာ များပါတယ်။ ဒါ ပေမဲ့လည်း လူငယ်တွေဆိုတာ တစ် ချိန်မှာ လူကြီးဖြစ်လာမယ့် သူတွေ လေ။ အဲဒီတော့ အခု လူငယ်တွေ လည်း ဘာသာရေး လုပ်ကြပါ။ အခု အချိန်ကတည်းက ဘုရား၊ တရား အလုပ်ကို လုပ်ထားရင် နောင်ဘဝ တင်မက အခုဘဝမှာပါ ကုသိုလ် ကောင်းမှု အထူးရရှိမှာ ဖြစ်ပြီး အခု အချိန် အန္တရာယ်ကြီးကြီးမားမား ဖြစ် လာမယ်၊ ကြုံလာမယ်ဆိုရင်လည်း ကိုယ်လုပ်ထားတဲ့ ကုသိုလ်ကောင်းမှု ကြောင့် အန္တရာယ်ဘေးက ကွေကွင်း ရတတ်ပါတယ်။

ဇင်မာနွယ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071