မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကန်သာယာလမ်းမတန်းဘက်တွင် မေ (၉) ရက်၊ နေ့လယ် (၃) နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကာ ဆိုင်ခန်းနှင့် နေအိမ်အချို့ မီးထဲပါသွားခဲ့ကြောင်း မြို့ခံများ၏ ပြောဆိုချက်များအရ သိရသည်။
လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှ ဝါယာလျော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ် (၄)လုံးခန့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် မြို့နေဒေသခံများထံမှ သိရသည်။
“TV ဆိုင် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်လို့ပြောတယ်၊ အဲဒီကနေ မီးကူးစက်လောင်တာ။ ဆံပင်ညှပ်ဆိုင်နဲ့ နေအိမ်တွေလည်းပါတယ်”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကို နယ်မြေခံ မီးသတ်တပ်ဖွဲ့ Leve l 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ အချိန် (၁)နာရီခန့်ငြှိမ်းသတ်ခဲ့ရပြီး ညနေ (၃)နာရီ၊ (၅၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြော င်း သိရသည်။

