Thursday, May 14, 2026

တိုက်ကြီးမြို့နယ်ရှိ မူလွန်ကျောင်းတွင် သန့်ရှင်းရေးပြုလုပ် ခြင်းဆေးဖျန်းကာ...

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက ရက်(၁၀၀)စီမံချက်အဖြစ် ကျောင်းနှင့် ဝန်းကျင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်း၊...

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက်...

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင်...

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင်...
HomeInternationalဘီလာရုစ်သမ္မတရွေးကောက်ပွဲ၌ ပူတင်၏မဟာမိတ်လူကာရှန်ကို အနိုင်ရ

ဘီလာရုစ်သမ္မတရွေးကောက်ပွဲ၌ ပူတင်၏မဟာမိတ်လူကာရှန်ကို အနိုင်ရ

အနောက်နိုင်ငံ အစိုးရများက အတုအယောင်အဖြစ် ပယ်ချခဲ့သော သမ္မတရွေးကောက်ပွဲတွင် ရုရှား၏ မဟာမိတ်တစ်ဦးဖြစ်သော ဘီလာရုစ်ခေါင်းဆောင် လူကာရှန်ကို အနိုင်ရခဲ့သည်ဟု ရွေးကောက်ပွဲတာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သောကြောင့် သူ၏ ၃၁ နှစ်ကြာ အုပ်စိုးမှုကို ထပ်မံသက်တမ်းတိုးနိုင်ခဲ့သည်။

“ဘီလာရုစ်သမ္မတနိုင်ငံကို ဂုဏ်ပြုနိုင်ပါပြီ၊ ကျွန်တော်တို့တွေ သမ္မတတစ်ဦးကို ရွေးချယ်ခဲ့ပါပြီ” ဟု နိုင်ငံ၏ ဗဟိုရွေးကောက်ပွဲကော်မရှင်အကြီးအကဲက တနင်္လာနေ့အစောပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် တယ်လီဂရမ်အကောင့်တွင် ဖော်ပြခဲ့သော ကနဦးရလဒ်များအရ လူကာရှန်ကိုသည် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းလေးဦး၏ ကြီးကြီးမားမားစိန်ခေါ်နိုင်မှုမျိုး မကြုံခဲ့ရဘဲ မဲအရေအတွက် ၈၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။

ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် သမ္မတနိုင်ငံတွင် အမှီအခိုကင်းသော သတင်းမီဒီယာများ ပိတ်ပင်ခံထားရခြင်း၊ အတိုက်အခံခေါင်းဆောင်များအားလုံးကို ထောင်သွင်းအကျဉ်းချခြင်း သို့မဟုတ် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ရစေခြင်းများကြောင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိဟု ဥရောပနိုင်ငံရေးသမားများက ပြောဆိုခဲ့သည်။

“ဘီလာရုစ်ပြည်သူတွေမှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုလားသူတွေအတွက် ခါးသီးဖွယ်ရာ နေ့တစ်နေ့ပါ” ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က X ပေါ်တွင် ရေးသားခဲ့သည်။

ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ ၆ ဒဿမ ၉ သန်းရှိခဲ့ပြီး ၈၅ ဒဿမ ၇ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြသည်ဟု ရွေးကောက်ပွဲအရာရှိများက ပြောဆိုခဲ့သည်။

ပြိုင်ဘက်များကို ထောင်သွင်းအကျဉ်းချခြင်းနှင့်ပတ်သက်၍ မေးမြန်းသောအခါ သူတို့ကံကြမ္မာ သူတို့ ရွေးချယ်ခဲ့ခြင်းသာဖြစ်ကြောင်း တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် လူကာရှန်ကိုက ပြောဆိုခဲ့သည်။

“တစ်ချို့က ထောင်ကိုရွေးတယ်၊ တစ်ချို့က မင်းပြောသလိုပဲ ပြည်ပတိမ်းရှောင်မှုကို ရွေးတယ်၊ ငါတို့ကတော့ ဘယ်သူ့ကိုမှ နိုင်ငံကနေ နှင်မထုတ်ခဲ့ပါဘူး” ဟု အချိန်လေးနာရီကျော်ကြာ သတင်းစာရှင်းလင်းပွဲတွင် သူက ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုက်ကြီးမြို့နယ်ရှိ မူလွန်ကျောင်းတွင် သန့်ရှင်းရေးပြုလုပ် ခြင်းဆေးဖျန်းကာ အုတ်ကန်များကိုအဘိတ်ဆေးထည့်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက ရက်(၁၀၀)စီမံချက်အဖြစ် ကျောင်းနှင့် ဝန်းကျင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်း၊ ခြင်၊ ယင်ပေါက်ပွားမှုမရှိစေရန် ကျောင်းဝင်းအတွင်းရှိ အုတ်ကန်များအတွင်း အဘိတ်ဆေးထည့်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခြင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိ(Photo News)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့သည်။ ယင်း ခရီးစဉ်သည် ၉ နှစ်နီပါး ကာလအတွင်း တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံ သမ္မတတစ်ဦး ၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်သလို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ ထရမ့်၏ သမ္မတသက်တမ်း နှစ်ကြိမ်အတွင်း သူ၏ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်သည်။

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင် သမ္မတ ရှီနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည့် အဖွင့်အမှာစကားတွင် “ဒီတွေ့ဆုံပွဲဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ထိပ်သီးအစည်းအဝေး ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြတာတွေ ရှိပါတယ်” ဟု ထရမ့်ပ်က ထည့်သွင်းပြောကြားခဲ့သည်။ “အခက်အခဲတွေ ရှိခဲ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ အတူတကွ ဖြေရှင်းနိုင်ခဲ့ကြပါတယ်” ဟု ထရမ့်ပ်က ဆိုသည်။ “ကျွန်တော်တို့ အတူတကွ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071